အခန်း (၁၅) ကြိုသိထားပြီးသား အဆုံးသတ်

869 111 23
                                    

[Unicode...]

"ဟိုမှာလည်း ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်နော်။
ကျွန်တော့်ကိုလွမ်းလို့ဆိုပြီး အလုပ်တွေချည်းပဲ
ဖိလုပ်မနေနဲ့ဦး။ ညလည်း စောစောအိပ်"

ညနေစာစားနေတုန်း သူနဲ့မျက်နှာချင်းဆိုင်မှာ
ဝင်ထိုင်လာရင်း ပြောလာတဲ့ကလေးငယ်ကြောင့်
ယွင်ရှီး မျက်စောင်းထိုးလိုက်မိတော့တာ။

ခရီးသွားဖို့အထုပ်တွေပြင်ဆင်နေတဲ့အချိန်လည်း
အနားမှာပွစိပွစိနဲ့ မှာတမ်းခြွေနေတာ မပြီးတော့။
ဒီကလေးက ယွင်ရှီးကို သူ့ထက်အငယ်များ
မှတ်နေသလားမသိဘူး။ သူနဲ့နေရင်ကို ကိုယ်ကပဲ
ဘာမှမလုပ်တတ်မကိုင်တတ်တဲ့ ကလေးလိုပဲ။

"ကိုကို ကျွန်တော်ပြောတာကြားရဲ့လား"

"မကြားဘူး"

စိတ်ကသိပ်မရှည်တော့တာမို့ ဘောက်ဆတ်ဆတ်
ဖြေပစ်လိုက်တော့လည်း အဲဒီကလေးက မျက်လွှာချရင်း ရယ်လေတယ်။

နေပါဦး.. အခြေအနေက ပြောင်းပြန်ဖြစ်နေတယ်
ထင်တာပဲ။ အရင် သူစိတ်အလိုမကျတိုင်း ဒီလိုပြန်ပြောရင် အဲ့လိုရယ်ခဲ့တာက ယွင်ရှီးမဟုတ်လား။

ဖေးဖေး တကယ်ကြီးကို ဒီလောက်ထိ လူကြီးဆန်သွားတာလား။ ဒါမှမဟုတ် ယွင်ရှီးကပဲ ကလေးဆန်လာတာလား။

"ဟုတ်ပါပြီ။ ထပ်မပြောတော့ဘူး။
ကျွန်တော်က ကိုကို့အတွက်စိတ်ပူလို့ပါ။
အဲဒါဆို ကျွန်တော် ဖုန်းဆက်မယ်နော်"

"အင်း"

ကိုယ့်လက်ကို အသာအယာဆုပ်ကိုင်ထားရင်း
လေသံအေးအေးနဲ့ ချော့ပြောလာတော့လည်း
ယွင်ရှီး ခေါင်းညိတ်လိုက်မိတာပဲ။ သူကမှ
ဒီကလေးမျက်နှာညှိုးရင် မနေတတ်တာကို။

"ကိုယ့်ကိုစိတ်မပူနဲ့။ မင်းလည်းဂရုစိုက်ဦး။
ဆွေးနွေးပွဲပြီးတဲ့ညနေမှာ ဧည့်သည်တွေနဲ့
ညစာစားဖို့လည်း ရှိသေးတယ်မဟုတ်လား။
အမှားမလုပ်မိစေနဲ့နော်"

ယွင်ရှီး သူ့လက်ကိုပြန်လည်ဆုပ်ကိုင်လိုက်ပြီးမှ
အသေအချာပြောမိတာ။ ဒီကလေးအကြောင်းကို
ကောင်းကောင်းသိတာမို့။ အကယ်၍များ သူက
ကြိုမပြောထားဘူးဆိုရင် ဒီကလေးက ဟိုမှာ ပြဿနာရှာလာတော့မှာ။

My Prime Minister [Completed] Tempat cerita menjadi hidup. Temukan sekarang