Uni
2013ခုနှစ်.....,
*ကတောင်...*
*ကတောင်...*
*ကတောင်...*
ဒေါက်
ရေးလက်စ ဘောပင်ကို လက်ကချလိုက်ကာ ဘေးကနေ တတောင်တောင်နဲ့ Messageများဝင်လာသော ဖုန်းဆီ လက်လှမ်းလိုက်မိသည်.......
မီနာ-ဟဲ့ ဒီမှာ ဒီမှာ SMက ဒီနေ့စမိတ်ဆက်ပေးတဲ့အဆိုတော်အသစ်
နာယောင်း- ဟဲ့ ပုံကောပို့လေဟယ် SM pageထဲသွားရှာနေရမှာလား ဒီမှာလို့လဲပြောသေးတယ်
မီနာ-ပို့ထားတယ် လိုင်းထစ်နေလို့ထင်တယ်ဟ
Cb gpထဲမှာ မီနာနဲ့နာယောင်းပြောနေတာတွေကို တချက်ကြည့်ပြီး ချန်းယောလ် မျက်မှောင်ကျုံ့လိုက်မိသည်
"ဘာလဲဟာ စာလုပ်ဖို့ ဖွဲ့ထားပါတယ်ဆို လေလာပေါနေကြပြန်ပြီ"
တချက်ညည်းညူလိုက်ကာ Cbထဲက ထွက်မည်အလုပ်
*ကတောင်*
"ကျစ် ဖုန်းကိုအသံပိတ် ဟင် ပါပီပေါက်လေး"
မီနာ ပို့ခဲ့သောပုံကနေ ချန်းယောလ် အကြည့်တို့လွှဲမရတော့ချေ
သေးသေးလေး တကယ့် လုံးလုံးသေးသေးလေး ပါပီပေါက်လေးနဲ့ပင် ဆင်တင်တင် အပြုံးလေး ဆင်မြန်းထားပုံက အေးချမ်းလိုက်တာ
ချန်းယောလ် ကိုယ့်အတွေးနဲ့ကိုယ် ပြုံးရယ်မိသည် နူးညံ့လိုက်တာကွာ
ချန်းယောလ်-မီနာ နင် သူ့အကြောင်းသိပြီးသလောက်ပြောပြပါလား
မီနာ-အယ် ချန်းယောလ်က Idolတွေအကြောင်းစိတ်ဝင်စားတယ်ပေါ့ ငါကစာပဲစိတ်ဝင်စားတယ်ထင်တာ
နာယောင်း- မထင်ရဘူးဟဲ့ နင်အဲ့လိုတွေစိတ်ဝင်စားမယ်လို့
ချန်းယောလ်-အင်း အခုကစပြီး စိတ်ဝင်စားတော့မှာမို့ ပြောပြဦး
မီနာ- အဲ့အကိုအသက်က ၂၂တဲ့ ငါတို့ထက်၈နှစ်ကြီးမယ်ထင်တယ် မိသားစုထဲမှာ အငယ်ဆုံးသားတဲ့ ပျော်ပျော်နေတတ်တယ်တဲ့
ချန်းယောလ်-နာမည်ကကော
မီနာ-ဗြောင်ဘတ်ဟျွန်းတဲ့
YOU ARE READING
You Are The One For Me♡
Fanfictionပိုပိုပြီးတော့ နားလည်လာမယ်..... ပိုပိုပြီးတော့ လိုအပ်သမျှအရာရာကိုဖြည့်စွက်ပေးချင်လာမယ်..... ပိုပိုပြီးတော့ အကဲပိုချင်လာမယ်..... ပိုပိုပြီးတော့ ချစ်ပေးချင်လာမယ်..... အဲ့ဒီလူ.....သူ့ရဲ့ တစ်ဦးတည်းသောသူ♡