2 Uni+Zaw

343 62 4
                                    

Uni...

📞🎶🎶🎶🎶🎶📞

မနက်အစောကြီး ထ,မြည်လာတဲ့ ဖုန်းသံကြောင့် အိပ်ချင်မူးတူးဖြင့်သာ ဖုန်းကို လက်လှမ်းရှာဖွေရင်း

ဒေါက်

"ဟာ...."

လက်နဲ့တွန်းထိုးမိကာ အရှိန်လွန်ပြီး ပြုတ်ကျသွားတဲ့ ဖုန်းကြောင့် မျက်လုံးသာပြူးပြဲပြီး ထကောက်ကာ တတီတီ အော်မြည်နေတဲ့ဖုန်းကို ဖြေကြားရတော့သည်.....

"ဟဲလို"

"ဘတ်ဟျွန်း မင်း ခုထိမလာသေးဘူးလား"

စူးခနဲ ထွက်လာတဲ့ CEOကျန်းရီရှင်းရဲ့ အသံကြောင့် နာရီကို အလောသုံးဆယ်ကြည့်လိုက်ကာ

"အာ အကိုရီရှင်း ဆောရီး ဆောတီး ဟီး" အိပ်ပျော်သွားလို့ပါဗျ"

"အင်းးး ငါမပြောလိုက်ချင်ဘူး စစ်မှုထမ်းပြီးကတည်းက အပြည့်အဝ ပေးနားပြီးထားပြီကိုနော် ဗြောင်ဘတ်ဟျွန်း အလုပ်ထဲစိတ်ပြန်နှစ်ပါဦးဟ"

ထုံးစံအတိုင်း ဆူညံဆူညံ ပွစိပွစိ ပြောလာတဲ့ အကိုရီရှင်းစကားတွေကို နားထောင်ရင်း ဆံပင်တွေကို ဆွဲဖွလိုက်ကာ.....

"ပြန်ပြီ စိတ်နှစ်ရတော့မယ်ဆိုပြီး နောက်ဆုံးအနေနဲ့ ညကပွဲကြမ်းပြီး နိုင်ပွဲရတဲ့ထိ ဂိမ်းဆက်ဆော့မိသွားလို့ပါဗျာ...‌ခုရေချိုးပြီးတာနဲ့ သွားလိုက်မယ် မဂ္ဂဇင်းကာဗာရိုက်ဖို့ပဲ ရှိတာမို့လား"

"နေဦး အဲ့မသွားခင် Entကိုဝင်ခဲ့ဦး "

"ဘာလို့"

"မင်းအတွက် သီးသန့် မန်နေဂျာလိုလို အကူလိုလို အင်းးး ဘော်ဒီဂတ်လိုလိုကွာ လိုအပ်တာအကုန်လုပ်ပေးမဲ့ သူနဲ့တခါတည်းမိတ်ဆက်ပေးပြီး ဒီနေ့အလုပ်စ,ဝင်ခိုင်းရအောင်လို့"

ဗြောင်ဘတ်ဟျွန်းတို့ မျက်ခုံးတချက်ပင်ပင့်မိလိုက်ကာ အံ့ဩရသေးသည်

ဒီလောကထဲ စ,ခြေချခဲ့တဲ့အချိန်ကနေ အောင်မြင်မှုတွေဆွတ်ခူးလာခဲ့သမျှ တလျှောက်လုံး ဒီလိုမျိုးသီးသန့် ငှာပေးတာမျိုးမရှိခဲ့တဲ့ အကိုရီရှင်းကတဲ့လေ...

"အဟက် ထူးဆန်းလှချည်လား"

"မထူးဆန်းဘူး အလုပ်တွေက အရင်ထက် ပိုများလာတော့မှာ မြန်မြန်ရေချိုးပြီး လာခဲ့တော့ ဒါပဲ"

You Are The One For Me♡Where stories live. Discover now