7 Uni+Zaw

248 52 1
                                    

ချန်းယောလ် ဒီနေ့အလုပ်မသွားပါ......

"ပတ်ချန်းယောလ် ငါ့သား ထ, ဆန်ပြုတ်လေးတော့သောက်"

အင်းမလုပ် အဲမလုပ်နဲ့ အတော်ခံစားနေရပုံရတဲ့ သားတော်မောင်ကြောင့် သက်ပြင်းလေးခပ်သာသာချရင်း

"ဒီမှာ တင်ထားခဲ့မယ်နော် ခဏနေရင်တော့ ထသောက်နော် ငါ့သားလေး ဖေဖေအလုပ်သွားရတော့မှာမို့"

"ဟုတ်"

ကုတင်ခေါင်းရင်းကိုမီလျက် ဖောင်းအစ်နေတဲ့မျက်လုံးအစုံနဲ့ လျော့တိလျော့ရဲ ထိုင်နေတဲ့သားဖြစ်သူကြောင့် သူတို့မှာ စိတ်နှလုံးမအေးနိုင်...

ညကတည်းက အော်ဟစ်ပေါက်ကွဲပြီး အကြီးအကျယ်ငိုယိုနေတာကြောင့် လင်မယားနှစ်ယောက် ခေါင်းကြီးခဲ့ရသေးသည် ခုထိလဲ တရေးမှအိပ်ရသေးပုံမပေါ်

ဘာကြောင့်ဆိုတာ အခုထိသေချာမသိပေမဲ့က သေချာပေါက် ဟိုကလေးလေးကြောင့်သာဆိုတာ အတတ်သိနေခဲ့ပြန်သည်

📞🎶🎶🎶🎶🎶📞

အဝေးကို ပစ်ထုတ်ထားတဲ့ဖုန်းက ကျယ်လောင်စွာမြည်လာတာမို့ ချန်းယောလ် ကုတင်ပေါ်ကဆင်းကာ ကောက်ယူလိုက်ပြီး အဲ့နားကကြမ်ပြင်ပေါ်မှာပဲ ထိုင်ချလိုက်သည်

ဖုန်း screenပေါ်မှာ ပေါ်နေသည်က ကင်ဂျွန်မြောင်ပင်

"ပြော"

"ခွေးကောင် မင်းဘာလုပ်နေတာလဲ"

"ဘာလုပ်လုပ်"

"အလုပ်မလာဘူးဆို"

"ရင်ဘတ်ထဲက အောင့်တယ်"

"ဟေ့ကောင်"

"မနေ့က တင်ပေးလိုက်တဲ့ vdအဆုံးကို မင်းတွေ့လား အဆုံးသတ်ခါနီးလေ ငါ့နှလုံးသားက နာကျင်လိုက်တာ"

"အရူး ဟေ့ကောင် ဘာတွေတွေ့ပြီးဖြစ်ပျက်နေတာလဲ မင်းက သေတော့မလိုနဲ့"

"ကိုင်လိုက်တယ်"

ဟိုဘက်က အော်ငေါက်နေတာနဲ့အပြိုင် ချန်းယောလ်ကလဲ အော်ဟစ်ပစ်ခဲ့သည်

"ဟမ်"

"ကိုင်လိုက်တယ်လို့ ဘတ်ဟျွန်းနီက က,တဲ့ကောင်မလေးရဲ့လက်ကို ကိုင်လိုက်တယ်လို့"

You Are The One For Me♡Where stories live. Discover now