ချန်းယောလ် အခုရောက်နေတာက လူသွားလူလာနည်းတဲ့ ကမ်းခြေနားက အိမ်လေးတစ်လုံးရှေ့ပင်
တီ.....တီ.....တီ....
ဂျာကြီး ပြောလိုက်တဲ့ pwကို ရိုက်ထည့်ကာ အိမ်တံခါးကိုဖွင့် ဝင်လိုက်တော့ အလင်းရောင်မရောက်ကာ အနည်းငယ် မှောင်မိုက်ပြီး အေးစက်စက် လေထု
"အကို!"
"အကို!"
အသံပြုကာ ခေါ်လိုက်သည်ပင် တုန့်ပြန်မှု တစ်စုံတစ်ရာမျှ မရှိတာမို့ တစ်အိမ်လုံးပတ်ကြည့်ပြီးနောက် တစ်ခန်းတည်းသာရှိတဲ့ အိပ်ခန်းဆီသို့သာ ဝင်ခဲ့လိုက်တော့သည်။
အိပ်ယာပေါ်မှာ မလှုပ်မယှက် ကွေးကွေးလေး အိပ်နေတဲ့သူ
ချန်းယောလ် မှန်တံခါးတွေဆီ အမြန်သွားကာ လိုက်ကာတွေ ဆွဲဖယ်လိုက်တော့မှ လုံလောက်တာထက်ပိုတဲ့ အလင်းရောင်ခြည်တွေ ဝင်ရောက်လာတယ်။
"ဟင် ချန်းယောလ်"
"ဟုတ်တယ် အကို ကျနော် စိတ်ပူလို့ လိုက်လာခဲ့တာ"
အကို့အနားကို အရဲစွန့် တိုးဝင်ထိုင်လိုက်ကာ လက်ဖဝါးပြင် သေးသေးလေးကို ဆုပ်ကိုင်ပြီး ပြောလိုက်တော့
သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်ပြီး ကိုယ့်ပေါင်ပေါ် ခေါင်းအုံးကာ ကိုယ့်ဝမ်းဗိုက်ဆီ တိုးဝှေ့လာတဲ့အကို။
"ချန်းယောလ် ချန်းယောလ် ချန်းယောလ်"
"ဗျာ ဗျာ ဗျာ"
ဘာမှ မပြောပဲ ချန်းယောလ်နာမည်သာ တတွတ်တွတ်နဲ့ ခေါ်နေပြန်သည်။
"ငါ့ကို မုန်းနေကြပြီထင်တယ်"
ငိုနေတာ မဟုတ်ပဲ ငိုချမိမှာကို ထိန်းသိမ်းနေတဲ့ အနေအထားမျိုး။ ထွက်ပေါ်လာတဲ့ အသံလေးကစ အနည်းငယ် တုန်ယင်နေသည်။
"ဘာလို့လဲ အကိုရဲ့ ဟင်"
ချန်းယောလ် ဆံသားအိအိလေးတွေကို ဖွဖွလေး ပွတ်ပေးကာ မေးလိုက်တော့
အကိုက ချန်းယောလ်ဆီသို့ ကြည့်လာကာ
"ငါ ငါကကို အနေအထိုင် မဆင်ခြင်ခဲ့မိတာ ဒီတိုင်း ခင်တာပါကွာ"
YOU ARE READING
You Are The One For Me♡
Fanfictionပိုပိုပြီးတော့ နားလည်လာမယ်..... ပိုပိုပြီးတော့ လိုအပ်သမျှအရာရာကိုဖြည့်စွက်ပေးချင်လာမယ်..... ပိုပိုပြီးတော့ အကဲပိုချင်လာမယ်..... ပိုပိုပြီးတော့ ချစ်ပေးချင်လာမယ်..... အဲ့ဒီလူ.....သူ့ရဲ့ တစ်ဦးတည်းသောသူ♡