"ငါ့သားရယ် မျက်လုံးတွေလဲ ထိကုန်ပါ့မယ် အရမ်းမကပ်ပါနဲ့"
"အပေါက်လေးတွေက တအားသေးတယ်ဗျ မေမေရ လွဲလွဲထိုးမိနေတာ"
"မင်းမေမေအတွက်လား"
ဖေဖေက ထိုင်ခုံမှာ ဝင်ထိုင်ရင်း မေးလေတော့ ပြာပြာသလဲငြင်းလိုက်ရသေးသည်
"ဗျာ ဗျာ မဟုတ်ပါဘူးနော်"
"သူ့ကိုကိုအတွက်တဲ့တော်ရေ လက်လှလှလေးအတွက်ဆိုလား သီနေလေရဲ့"
"ဟဲဟဲ မေမေကလဲ"
သီကုံးလက်စ ပုလဲစေ့ရောင်စုံလေးများကိုသာ သေချာအာရုံပြန်ပို့မိသည်
"ငါ့သားလေး မင်း စာကောလုပ်ဦးနော် ဘွဲ့ကလဲ အရေးပါတယ်ဗျ"
"ဟုတ်ကဲ့ပါ ဖေဖေရဲ့"
"အင်းးး ငါ့သားမလဲ ဒီလိုပဲ လျှောက်လိုက်ရင်းဘဝကို ကုန်ဆုံးတော့မလို့လား"
တရားကျသလို သက်ပြင်းရှိုက်ကာမေးနေတဲ့ ဖေဖေ့ရဲ့အမေးကိုဖြေဖို့ရာ တွေဝေချိန်တောင်မရှိခဲ့
"သားရဲ့ အသက်ဓာတ်လေ ဖေဖေရဲ့ လျှောက်လိုက်ရင်းနဲ့ဘဝကိုကုန်ဆုံးနေတာမဟုတ်ဘူး အဲ့လိုလေးလျှောက်လိုက်နေရဖို့ကို သားကအသက်ရှင်နေတာ ဟဲဟဲ"
"အမလေး ဟုတ်ပါပြီဗျာ"
"ဒါနဲ့သား ဒီနေ့က မသွားရဘူးလား"
"အင်းးးး ဟုတ်တယ်မေမေရ ဒီနေ့ ကိုကိုလဲ scheduleမရှိဘူးလေ တနေကုန်"
"အေးပါ ကောင်းကောင်းနားဦးဒီနေ့တော့ တနေကုန်လဲလျှောက်လိုက်ရ ညလဲစာလုပ်ရနဲ့ ပင်ပန်းနေပြီ ငါ့သားလဲ"
"ဟုတ်ကဲ့ပါဗျာ"
***********************
*ဒီနေ့က နဲနဲလေးတော့ပျင်းဖို့ကောင်းတယ်* ဆိုတဲ့စာသားလေးနဲ့အတူ တက်လာသည်က အိပ်ယာနိုးခါစ အိပ်ချင်မူးတူး ဘတ်ဟျွန်းနီ့ရဲ့ ချစ်စဖွယ်ပုံလေးတပုံ
"အဟားးး အခုကိုဘယ်ချိန်ရှိ"
ချန်းယောလ် ကုတင်ပေါ်ဝမ်းလျားမှောက်အိပ်နေရင်းကပင် ဘေးစာကြည့်စားပွဲပေါ်က နာရီကို လှမ်းကြည့်တော့ အချိန်က၁၂ပင်ထိုးတော့မည်
YOU ARE READING
You Are The One For Me♡
Fanfictionပိုပိုပြီးတော့ နားလည်လာမယ်..... ပိုပိုပြီးတော့ လိုအပ်သမျှအရာရာကိုဖြည့်စွက်ပေးချင်လာမယ်..... ပိုပိုပြီးတော့ အကဲပိုချင်လာမယ်..... ပိုပိုပြီးတော့ ချစ်ပေးချင်လာမယ်..... အဲ့ဒီလူ.....သူ့ရဲ့ တစ်ဦးတည်းသောသူ♡