"ပတ်ချန်းယောလ် မနက်စာ မစားတော့ဘူးလားလို့"
အောက်ထပ်ကနေ ကျယ်ကျယ်လောင်လောင်ပင် အော်လာတဲ့ မေမေ့အသံကြောင့် ချန်းယောလ်မျက်နှာပင်ရှုံ့မဲ့လိုက်မိသည်
စိတ်အလိုမကျစွာ လျော့တိလျော့ရွဲ အိပ်ယာပေါ် ကန့်လန့်ဖြတ်လဲလျောင်းနေရာကနေ ပျင်းတိပျင်းရွဲ ထ,လာရကာ ထမင်းစားခန်းထဲ အရောက်သွားတော်မူရသေးသည် မဟုတ်ရင် တနေကုန် အေးဆေးနေရမည်မဟုတ်
"လာ,လာ ကြွခဲ့ ကိုယ်တော် ဖအေတောင်အလုပ်သွားပြီ ဘယ်နှနာရီ ရှိနေသေးတယ်ထင်လို့လဲဟမ်"
"စောပါသေးတယ် မေမေကလဲ"
ဒေါက်
"အ့ နာတယ်လို့"
ကော်ဖီမွှေဇွန်းနဲ့ အခေါက်ခံရပြန်ပြီ ဒီမေမေကလေ သားလေးတစ်ယောက်ရှိတာကိုကွာ
"၉ခွဲတော့မယ်ဟဲ့ နေ့လယ်စာနဲ့ဆက်တော့မယ် "
ဟူးးးးး အချိန်တွေကလဲ ကြာလိုက်တာ...ပတ်ချန်းယောလ်တို့ မနက်အစော ဘတ်ဟျွန်းနီ့ဆီက ဒီနေ့အိမ်မလာခဲ့လဲရပါတယ် နားရက်ယူပါဆိုတဲ့
Mesတစောင် ရကတည်းက ဘူပိတ်နေတာပင်...အော် လူဆိုတော့လဲ လောဘက ကြီးသား တွေ့နေကျလေးဆိုပြန်တော့လဲ တရက်မတွေ့ရရင်ကို မနေနိုင် ဖြစ်နေရပြန်ပါပြီ..."စား မြန်မြန်စားပြီး အလုပ်မသွားရဘူးလား မင်းရဲ့ ကိုကိုဆီကိုက"
"အားးးးး"
စားရင်း သောက်ရင်း ရုတ်တရက် ရင်ဘတ်ကိုဖိကာအော်လာတဲ့ သားတော်မောင်ကြောင့် လန့်ဖြန့်သွားရသေးသည်
"ပလုတ်တုတ် ဘာဖြစ်တာလဲအဲ့ဒါက"
"နာကျင်မှုတွေ နာကျင်မှုတွေ အလုပ်ပိတ်တယ်လို့ မမေးပါနဲ့ဆို"
"အော် ငါ့နှယ် "
အလုပ်လေးပိတ်တာကို မျက်ခွက်ရှစ်ခေါက်ချိုးဖြစ်နေတဲ့ သားတော်မောင်ကို ကြည့်ပြီး ခေါင်းတရမ်းရမ်းနဲ့ သစ်သီးပန်းကန်ကိုင်ကာ ဧည့်ခန်းထဲသို့ ထွက်သွားလေပြီ...
"ဟင့် လွမ်းတာ"
********************
အိပ်ယာပေါ် လှန်လိုက် မှောက်လိုက် ဝရံတာဘက်ထွက်ပြီး ဟိုကြည့်ဒီကြည့်လုပ်လိုက်နဲ့တောင် ၁၀ခွဲပဲရှိသေးတယ် အချိန်တွေက ကြာလိုက်တာ အရမ်းပဲ.......
YOU ARE READING
You Are The One For Me♡
Fanfictionပိုပိုပြီးတော့ နားလည်လာမယ်..... ပိုပိုပြီးတော့ လိုအပ်သမျှအရာရာကိုဖြည့်စွက်ပေးချင်လာမယ်..... ပိုပိုပြီးတော့ အကဲပိုချင်လာမယ်..... ပိုပိုပြီးတော့ ချစ်ပေးချင်လာမယ်..... အဲ့ဒီလူ.....သူ့ရဲ့ တစ်ဦးတည်းသောသူ♡