"အကို "
ထိုင်ခုံပေါ် ထိုင်လိုက်တာနဲ့ စောင်သဘက်လေးက ကိုယ်ပေါ်လွှားပြီးသား ရေနွေးခွက်လေးက အဆင်သင့်...
"ချန်းယောလ်ကတော့ စုံနေတာပဲ ယူခဲ့တာ"
"ဒီနေ့ အေးလို့လေ လိုလိုမယ်မယ် ယူလာရတာ"
"အိစ်"
ပါးမို့မို့လေးသာမက နှခေါင်းထိပ်လေးပါ ရဲတက်နေပုံက ဘတ်ဟျွန်းနီတကယ် အအေးမခံနိုင်ပုံကို သိသာစေသည်...
"ဒီနေ့က အေးလိုက်တာ အရမ်းပဲ"
ဇတ်ကလေးပုပြီး ဆူပွပွပြောနေပုံတွေကို ချန်းယောလ် မလွတ်တမ်းငေးနေမိသည်
ဒီလိုအေးတဲ့နေ့မှ Brandတခုအတွက် ရိုက်ကူးဖို့ရာ အခုရောက်နေကြသည်က ခပ်မို့မို့တောင်ကုန်းလေးတခုအပေါ်ဝယ်သာ......
"ကျနော် နားလိုက်တော့ဖို့ ပြောလိုက်ရမလား"
ခပ်မြန်မြန် ခေါင်းကိုခါရမ်းလိုက်ရင်း...
"ချန်းယောလ်ကလဲ ဒီနေ့အတွက် သူတို့အများကြီးပြင်ဆင်ထားရတာ နောက်နေ့ရွှေ့ရင် အလုပ်ရှုပ်နေလိမ့်မယ် မလုပ်ရဘူး"
ချန်းယောလ် တစ်ရှူးလေးတရွက်ကို ထုတ်လိုက်ကာ နှာရည်စီးကျချင်နေသည့် ဘတ်ဟျွန်းကို ခပ်ဖွဖွသုတ်ပေးရင်း
"ဒါမဲ့ ကြည့်ဦးလေ နှာရည်တွေပါကျလို့ မျက်နှာကလဲ ခရမ်းချဉ်သီးဖြစ်တော့မယ် ရဲနေပြီ အေးလို့"
ဘတ်ဟျွန်း မရွံမရှာနဲ့ နှာရည်တွေပါ သုတ်ပေးနေပြန်တဲ့ ချန်းယောလ်ကိုသာ ငေးကြည့်နေမိတော့သည်...ဒီကောင်လေးကလေ ကိုယ့်ထက်ငယ်တဲ့ကောင်လေးလေးပါ...အမြဲတမ်း မိန်းမကြီးတယောက်လိုပြုမူနေတော့တာပဲ ....
"ဘာငေးနေတာလဲ"
မျက်မှောင်ကြီးကျုံ့ပြီး မေးလာပြန်တာကြောင့်
"ဟဲဟဲ...မင်းကလေ အမေကြီးနဲ့တူတယ်"
"အင့် အင့် သောက်"
ရေနွေးဗူးထဲက တခါ ရေနွေးတွေ ထပ်ငှဲ့ပေးနေပြန်ပြီ...
"ချန်းယောလ်ရေ အကိုဗိုက်တင်းတော့မယ် ရေနွေးသောက်ရတာနဲ့တင်"
YOU ARE READING
You Are The One For Me♡
Fanfictionပိုပိုပြီးတော့ နားလည်လာမယ်..... ပိုပိုပြီးတော့ လိုအပ်သမျှအရာရာကိုဖြည့်စွက်ပေးချင်လာမယ်..... ပိုပိုပြီးတော့ အကဲပိုချင်လာမယ်..... ပိုပိုပြီးတော့ ချစ်ပေးချင်လာမယ်..... အဲ့ဒီလူ.....သူ့ရဲ့ တစ်ဦးတည်းသောသူ♡