3 Uni+Zaw

334 57 0
                                    

Uni....

"အဆင်ပြေတယ် ဘတ်ဟျွန်းရေ နောက်တစုံလဲထားပြီး ခနနားနော် နောက်နာရီဝက်နေရင် ပြန်ရိုက်ကြတာပေါ့"

"ဟုတ်ကဲ့ဗျ ကျေးဇူးပါ"

တလှည့်ပြီးပြန်တော့ ချန်းယောလ် ဘတ်ဟျွန်းအဝတ်အစားတွေလဲဖို့ရာ ကူပေးလိုက်ပြီးနောက် ဘေးကနေ ပန်ကာအသေးလေးနဲ့ လေအေးရစေရန် လုပ်ဆောင်ပေးနေပြန်သည်...

"ရတယ် ရတယ် ချန်းယောလ် ကိုယ့်ဟာကိုယ် နေသာသလိုနေ"

"ဗျာ ဟုတ် ရတယ် အကိုချွေးတွေထွက်နေလို့"

ခနလှန်တင်ထားတောင် ဆံပင်ကြောင့် ပြောင်ရှင်းနေတဲ့နဖူးလေးပေါ်က ချွေးစလေးတွေကို တစ်သျှူးနဲ့ တယုတယ သုတ်ပေးနေပြန်သည်

"ချန်းယောလ် မင်း အရင်က "

"ဘတ်ဟျွန်း ပြန်စလို့ အဆင်ပြေပြီလား"

အကိုက သူ့ကိုတခုခုမေးမလို့ဟန်ပြင်နေတုန်း နားနေခန်းထဲ ဝင်လာပြီး မေးတဲ့သူကြောင့် စကားကပြတ်သွားရပြန်သည်.....

"ဟုတ် ရပြီ‌ဗျ"

"ဒီလက်စွပ်လေးတွေ ဝတ်ပေးနော် ပန်းနဲ့လက်ကလေးကို အဓိကထားပြီးရိုက်ပြရအောင်လို့"

"ဟုတ်"

ချန်းယောလ် ကမ်းပေးလာတာကို လှမ်းယူလိုက်ကာ ဘတ်ဟျွန်းလက်သွယ်သွယ်လေးတွေမှာ ကိုယ်တိုင်ဝတ်ပေးလိုက်သည်...

"မဟုတ်ဘူးပဲ သူကတက်တူးနဲ့"

"ဗျာ"

တိုးတိတ်တိတ်သူ့ဟာသူ ရေရွတ်နေတဲ့ ဘတ်ဟျွန်းကြောင့် ချန်းယောလ် မော့ကြည့်ပြီးမေးပြန်တော့

"အော် ဒီတိုင်းချန်းယောလ် ဘာမှမဟုတ်ဘူး သွားစို့"

"ဟုတ် အကို"

ရေဗူးရယ် ပန်ကာအသေးလေးရယ် အပေါ်ဝတ်လေးရယ် ယူကာ အကိုဘတ်ဟျွန်းနောက်က လိုက်ရပြန်သည်....

ခပ်မိုက်မိုက် ဂျစ်ကန်ကန်ကောင်လေးပုံစံနဲ့တုန်းကလဲ မိုက်သည် နူးညံ့တဲ့ကောင်လေးအသွင်နဲ့ ပုံစံတမျိုးပြီးတမျိုး ပြောင်းလဲပေးနေတဲ့ မျက်စိရှေ့က အကိုဘတ်ဟျွန်းကို တွေ့မြင်နေရတာကလဲ ချန်းယောလ်အတွက် တကယ့် အိပ်မက်ကြီးထဲမှာပင် နစ်မြောမိနေသူလိုပင်.......

You Are The One For Me♡Where stories live. Discover now