14 Uni + Zaw

278 48 0
                                    

ထိုင်ကာစောင့်နေရင်း ရိုးတံပျော့ပျော့ရှည်ရှည် ပန်းလေးတပွင့်ကို အနေတော်လောက်ဖြတ်ယူကာ ရိုးတံကိုသုံးခြမ်းလေးခွဲလို့ ကျစ်ဆံမြှီးလိုကျစ်ကာ လက်ကောက်လေးတကွင်းလို ကွင်းလိုက်သည်.......

တခါ နောက်ထပ် အနေတော်လောက်ဖြတ်ယူကာ လက်စွပ်ပုံလေး လုပ်ပြန်သည်

"အင်းးး လှသားပဲ အကို့လို"

ချန်းယောလ် မျက်စိရှေ့ကရိုက်ကူးရေးလုပ်နေတဲ့ ဘတ်ဟျွန်းကို ပန်းလက်စွပ်ကွင်းဝိုင်းလေးထဲကနေကြည့်ကာ မှတ်ချက်ပြုလိုက်သည်

"ချန်းယောလ်"

"ဟုတ် အကို"

ရိုက်ကူးရေး ခနနားတော့ ချန်းယောလ်ရှိရာလျှောက်လာရင်း ခေါ်နေတဲ့အကိုကြောင့် အကို့နားအပြေးသွားကာ ပန်ကာသေးသေးလေးနဲ့ လေအေးလေးရရှိစေဖို့ငှာ စွမ်းဆောင်ပေးလိုက်သည်

"အကို ဘတ်ဟျွန်း"

"အာ ဆယ်ဟွန်း လာထိုင်"

မနက်ကတည်းက အကိုနဲ့အတူရိုက်ကူးရေးလုပ်နေတဲ့ လျှမ်းလျှမ်းတောက် အကိုနဲ့ထပ်တူအောင်မြင်နေတဲ့ အဆိုတော်တယောက်ဖြစ်တဲ့ ဆယ်ဟွန်းကလဲ အကို့နားလာကာ သာကြောင်းမာကြောင်း စကားကောင်းနေကြပြန်သည်

"အကို ဘတ်ဟျွန်း အချိန်ရရင် သီချင်းတပုဒ်လောက်လုပ်ကြရအောင်လေ"

"ဟဟား ဟုတ်ပါပြီကွာ မင်းအချိန်ညှိပြီး အဆင်ပြေတဲ့ချိန်ပြောကြည့်ပေါ့"

"အိုးခေ အကိုဘတ်ဟျွန်း အကောင်းဆုံးပဲ"

လက်မလေး တထောင်ထောင်နဲ့ ပြုံးရယ်ကာပြောလာတဲ့ဆယ်ဟွန်းကြောင့် ဘတ်ဟျွန်း သဘောကျစွာရယ်မောလိုက်ပြီး ဆယ်ဟွန်းဆံပင်လေးတွေအပေါ် ဖွပေးမိလျက်သား

"ချန်းယောလ်လေး နေမကောင်းဘူးလား"

ဘေးကနေ စကားလဲဝင်မပြော တိတ်တိတ်လေးနဲ့ မှုန်ကုပ်ကုပ်ထိုင်နေတဲ့ချန်းယောလ်ကြောင့် မေးလိုက်တော့လဲ စကားမလာ ခေါင်းသာ ခပ်လေးလေး ခါယမ်းပြသည်

"ဒါ စောက်ချောကြီးTTMYဟုတ်တယ်မို့လား"

ဆယ်ဟွန်းက သူ့ကိုခုမှတွေ့ဟန် အားရဝမ်းသာစွာနဲ့ မေးခွန်းထုတ်လာတော့ ချန်းယောလ်လဲ မကောင်းတတ်စွာပြုံးသာ ပြလိုက်သည်

You Are The One For Me♡Where stories live. Discover now