ည ၁၁ နာရီပင်ထိုးနေပေပီ ။ သူရိန်အိပ်မပျော်သေး
သူ့၏အတွေးများကိုစိုးမိုးထားသောသူတယောက်
ခေါင်ရမ်းပန်း။ သူ၏ အလှကို သူရိန်မျက်လုံးမှိတ်ကာ စိတ်ထဲမှ ပုံဖော်ကြည့်မိနေသည်။
သူ မိန်းမများစွာနှင့် အတူနေခဲ့ဖူးသည်။သို့သော်လည်း ဘယ်မိန်းမကမှ သူ့ကို ရင်ခုန်အောင်မလုပ်နိုင် ခုတော့လား ရင်လည်းခုန်ရသလို ရင်လည်းဖိုရပေသည်။
သူသည် ဘယ်မိန်းမနှင့်နေနေ တဏှာအရသာနေခဲ့သည်။ စွဲလမ်းစိတ်မဖြစ်ခဲ့။ အခုတော့သူ စွဲလမ်းနေမိပီလား တခါမှ မိန်းမတယောက်၏ အလှကို အခုလို ပြန်ပုံဖော်ပီး မြင်ယောင်လေ့မရှိ။
သူစွဲလမ်းတာလား ချစ်မိနေတာလား မသဲကွဲ
ချစ်မိရအောင်လည်း ဒီမနက်မှ စတွေ့သည်မဟုတ်လား
ဒါမဲ့ အချစ်က ဘယ်အချိန် ဘယ်နေရာမျိုးမှာမဆို ပေ့်ပေါက်လာနိုင်သည်မဟုတ်လော သူရိန်ဒွိဟ ဖြစ်နေရသည်။
ခလေးမရယ် ရွှေရင်အစုံမှာ သိပ်လည်းမကြီး သိပ်လည်းမသေး နဲ့ လှပလွန်းပါဘိ။ မျက်နှာမှာ ဖြူစင်လွန်းလှပါဘိ ။ နှာတံသွယ်သွယ်လေးနဲ့ ချစ်စရာပကာင်းလှပါဘိ။
တွေးရင်းပင် မိုးရေစိုနေသော ဘလောက်က မျက်လုံးထဲ ပြန်မြင်ယောင်လာသည် ဝင်းဝါနေသော
ရင်အစုံ သူ့ကို ဖိတ်ခေါ်နေသည့်အလား
ထိုစဉ် သူရိန့် ပေါင်ကြားအတွင်းမှ တင်းခနဲ ခံစားလိုက်ရသည်။ သူသိလိုက်သည်နှင့် တပြိုင်နက် အိမ်သာထဲ ပြေးလိုက်ရတော့သည်။
ကိစ္စပီးမှ ပြန်ထွက်လာကာ အိပ်ရာပေါ်သို့ လှဲလိုက်ပီး
ဪ ခလေးမရယ်။ ဟုသာ ပြောပီး အိပ်စက်ခြင်းဆီသို့😴😴😴
×. ×. ×
“ကလင် ကလင် ကလင်” ဧည့်ခန်းမှ ဖုန်းမြည်သံ
တီချစ် အပြေးအလွှား သွားကိုင်လိုက်တော့ သင်တန်းကတဲ့ အတန်းမလာလို့ လှမ်းဆက်တာတဲ့
ထူးဆန်းသည်ဟု ခေါင်ရမ်းတွေးမိသည် အရင်ဆို ၃ရက်လောက်ပျက်မှ ဖုန်းတခါဆက်တာပါ အခု တရက်ပဲရှိသေးတယ် ဘာလို့ ဖုန်းဆက်တာလဲ ခေါင်ရမ်းမသိ
ရုတ်တရက် သတိရသွားပီး ‘တီချစ် ဘယ်သူဆက်ခိုင်းတာလဲ မေးပေးပါအုံး’ ဆိုတော့။
‘ဆရာသူရိန်က ဆက်ခိုင်းတာတဲ့သမီးရေ ဘာဖြစ်တာလဲ သိချင်လို့တဲ့'။ ထူးဆန်းသည်ဟု ခေါင်ရမ်းထင်နေသည်
ထို့နောက် တီချစ်ရောက်လာပီး
‘နင့်ဆရာ ဖုန်းဆက်ခိုင်းတာတဲ့ ခေါင်ရမ်းရေ ညည်းအတန်းပြေးတယ်ထင်လို့တဲ့။ တီချစ်ပြောလိုက်ပါတယ် မိုးမိပီးဖျားနေလို့ပါလို့'
‘ဟွန့် ခေါင်ရမ်းဆရာ မဟုတ်ပါဖူး တီချစ်ကလဲ အဲ့ဆရာက ခက်ထန်တယ် တီချစ်ရဲ့'
ခေါင်ရမ်းကဘဆူပုတ်ပုတ်နှင့်ပြောတော့
‘ ဟဲ့ ညည်းကိုစာသင်နေတာ ညည်းဆရာပေါ့ မနေ့ကလည်း သူလိုက်ပို့တာလေ စေတနာကောင်းရှာပါတယ်အေ
ခုလည်းကြည့် သူ့တပည့် အတန်းမလာလို့ ဖုန်းဆက်တာ ဒီလိုဆရာမျိုး သိပ်ရှားတယ် ခေါင်ရမ်း ညည်းမပြစ်မှားနဲ့'
တီချစ်က ဆူသလို ပြောလိုက်တော့
‘သမီးကို ခဲပျက်နဲ့ ပစ်ထားတာလေ' ခေါင်းကို ပွတ်ရင်းပြောတော့။
တီချစ်က ”တိန်” ခနဲမြည်အောင် ခေါက်ပီး
ညည်းက ပေါ့တာကို တဲ့
"ဟွန့်" တစ်လေသံထဲပဲ။ စိတ်ထဲမှပြောနေမိခြင်းဖြစ်သည်။ အပြင်မှာ မပြောရဲပါ ထပ်ခေါက်မှာလည်း ဆိုးသည်လေ။
×. ×. ×.
သူရိန့်ခြေလှမ်းများအရင်ကထက် ပိုသွက်နေသည်။
အရင်နေကလို ဝတ်ပုံစားပုံမဟုတ်တော့ လည်ကတုံး မဟုတ်ပေမဲ့ ရှပ်အက်ျ အပြာလေးနဲ့ ပုဆိုးအကွက်စိတ်စိတ်မှာ လိုက်ဖက်လွန်းလှသည်။
ချာတိတ်မကို သူရိန်တွေ့ချင်လှပီ။ မနက်စောစောထတော့ အဖေကတောင်တအံ့တဩ ။ သင်တန်းသို့ သူရိန်စောစောရောက်သွားသည်။ ခလေးမ လာမည့်အချိန်ကို နာရီတကြည့်ကြည့်နှင့်စောင့်နေသည်။
အတန်းသာပီးသွားသည် ခေါင်ရမ်းကတော့ ရောက်မလာခဲ့။ ရုတ်တရက် သူ့ကိုစိတ်ဆိုးသွား၍ မလာတော့တာများလား တွေးမိသည် သို့သော် တဖန်ပြန်လည် စဉ်းစား ကြည့်ပြန်တော့ မဖြစ်နိုင်ပေ။ သူမ ဘာများဖြစ်နေတာပါလိမ့်။
စိတ်ပူပူနှင့် သင်တန်းreception သို့ ခပ်သွက်သွက် လျှောက်လာပီး။
”ခေါင်ရမ်းပန်း အိမ်ကို ဖုန်းဆက်ပေးပါ ညီမ အဲ့ခလေးမ ဒီနေ့အတနိးမလာလို့”
reception မှ ကောင်မလေးမှာ ရုတ်တရက် ကြောင်သွားကာ ပီးမှ
"ဪ ဟုတ်ကဲ့ဆရာ သင်တန်းက ၃ ရက်မလာမှ ဖုန်းဆက်ာပါ ဆရာ” ယဉ်ယဉ်ကျေးကျေးနှင့် ပြောရှာသည်
"ကိုယ့် သင်တန်းက ခလေးတယောက်လုံး ပျက်တာကို လမ်းမှာ တခုခုဖြစ်နေရင် ဘယလိုလုပ်မလဲ ခုပဲ ဆက်လိုက်ပါညီမ။ ကျနော်သိချင်တယ် အကျိုးအကြောင်း"
Reception က ကောင်မလေးလည်း ကြောက်ကြောက်လန့်လန့်နှင့် ဟုတ်ကဲ့ ဟုဆိုကာ ဖုန်းဆက်လိုက်သည်။
ကြောက်စရာပင် သူရိန်ကလစကားပြောလျှင် လေသံက နဂိုထဲက မာသည်မဟုတ်လား ဒေါသ ထွက်တော့ ပိုကြောက်စရာကောင်းလှသည်။
"ခေါင်ရမ်းက မိုးမိပီး နေမကောင်းလို့ပါတဲ့ ဆရာ"
"ဟုတ်ကဲ့ ညီမ ကျေးဇူးပါ"
သူရိန် ထွက်လာခဲ့သည်။။ ထို့နောက် ကားစက်နှိုးကာ မုန့်ဆိုင်သို့ မောင်းထွက်ခဲ့သည်။
အစက ဆေးဝယ် မည်ဟု ရည်ရွယ်ထားသော်လည်း
ကိုယ်က ဆရာဝန်မှ မဟုတ်တာလေ တော်ကြာ ကိုယ်ပေးသည့်ဆေး သောက်ပီး ခလေးမဘေးဖြစ်မှာ မလိုလား။
ထို့ကြောင့်မုန့်ပဲ ဝယ်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
သူရိန်ကိုယ့်ကို ကိုယ်ပင် မယုံနိုင် အဘယ်အတွက်ကြောင့် ဒီလောက်စိုးရိမ်တကြီး ဖြစ်နေရတာပါလိမ့်။ မိန်းမတယောက်ကို ဘယ်တုန်းကမှ ဒီလောက် စိတ်မပူခဲ့ ဖူးပါ။ ထူးဆန်းလိုက်တာ သူရိန်တွေးရင်း ခေါင်ရမ်းအိမ်ဘက်သို့ မောင်းထွက်ခဲ့လိုက်သည်။
YOU ARE READING
ချစ်တယ်ဆိုတာထက် ပိုပါတယ်
Romanceခုမှ စရေးတာမို့ လိုအပ်တာရှိရင် ခွင့်လွှတ်ပေးပါနော်🥺 ဒါလေးက romance လေးနဲ့ dark side ဘက်နဲနဲသွားတာမို့ ro ချင်တဲ့သူအတွက်ရော အမှောင်ကြိုက်တဲ့သူအတွက်ရော အဆင်ပြေပါတယ်နော် တတ်နိုင်သမျှအပိုင်းသစ်တွေလည်း တင်ပေးပါမယ်😚😚