ည ၁၂နာရီ ထိုးပီ သူရိန်တယောက် မအိပ်ပျော်နိုင်သေးပေ။နေ့လည်က ခေါင်ရမ်းပြောခဲ့တာတွေကို စဉ်းစားနေမိသည်။ ' အော် ခလေးမလေးက မချစ်နိုင်ဖူးတဲ့လား'
သက်ပြင်းချကာ ရေရွတ်မိသည်။ သူရိန် မိန်းမများစွာနှင့်တွေ့ခဲ့သည်။ သူချစ်ခွင့်ပန်သည်ကို ငြင်းသည်က
ခေါင်ရမ်းတဦးထဲသာ ပထမဆုံးဖြစ်လေသည်။
ဒါကြောင့်ပဲ သူရိန့်အသည်းကျော်လေးဖြစ်နေသည်လား။
လူဆိုသည့် အမျိုးကလည်း ခက်သား မရတာကိုမှ လိုချင်သည်မဟုတ်လော။
သူရိန်တွေဝေမနေတော့ပေ။ မြို့ပြင်မှာ သူဝယ်ထားသော လုံးချင်းတိုက်တလုံးရှိသည်။ အဲ့ဒီကို ခေါင်ရမ်းအား ကားတင်ပြေးမည်ဟု ဆုံးဖြတ်လိုက်သည်။
'ခေါင်ရမ်းရယ် ကိုယ့်ကို ခွင့်လွှတ်ပါ။ ခလေးမလေးကို ကိုယ်သိပ်ချစ်တယ်။ ကိုယ်ဒီလို အရဲစွန့်ပြောလိုက်လို့ မင်းလေး စိတ်ခုပီး နောက်နေ့ သင်တန်းမလာတော့မှာ ကိုယ်စိုးတယ်။ ကိုယ်လေ မင်းကို အရုပ်လေးတရုပ်လို သိမ်းထားချင်တယ်ဆို အတ္တများဆန်နေမလား ခလေးရယ်'...နောက်နေ့ မနက်တွင် သူရိန် သူ့တပည့်ကြေးစားများအား မြို့ပြင်ရှိ တိုက်သို့ အရင် လွှတ်ထား၏။ ဆေးခတ်ထားသော အချိုရည်ဗူးက အဆင်သင့်။ သူရိန်အသင့်ဖြစ်ေနလေပြီ။
ထင်ထားသည့်တိုင်း အတန်းဆင်းတော့ ခေါင်ရမ်း တယောက်ထဲ။ အသာတကြည်မလိုက်က ဆေးအုပ်၍ခေါ်ကပေမည်။ တော်သေးသည် ခလေးမလေး အသာတကြည်
လိုက်လာ၍သာ။။ အအေးသောက်ပြီး ခေါင်ရမ်း အိပ်ပျော်သွားသည် သူရိန်ကတော့ အရာရာ ပိုင်ဆိုင်ထားသည့်အလားး။။
× × ×ခေါင်ရမ်းပန်း အဖူးလေးက အိပ်ရာပေါ်မှာ အိပ်ပျော်နေသည်က အပြစ်ကင်းစင်လွန်းလှသည်။ သူရိန် ခုမှသေချာကြည့်မိသည်။ နေဝင်ရီရောချိန် နေရောင်နုနုလေးက နတ်မိမယ်လေး၏ ပါးပြင်သို့ သက်ဆင်းနေ၏။
'လှရက်လိုက်တာ ခလေးရယ်' သူရိန်ရေရွတ်မိသည်။
ခေါင်ရမ်း နဖူးလေးကို ဖွဖွ လေးနမ်း၏။ ခေါင်ရမ်းကတော့ မနိုးသေး။ ဘယ်နိုးလိမ့်မလဲ ဆေးရှိန်နဲ့ဆို ညလောက်မှ နိုးမှာသူရိန်သိနေသည်။
အိပ်စက်နေသော ကလေးငယ်လေးအား သူရိန်ကြည့်မဝ။
သူဘာကြောင့် ဒီအသေးလေးကိုမှ စွဲလမ်းနေရတာပါလိမ့်။ သူရိန်အဖြေရှာမရပေ။ လက်တလုံး အကျီလေးပေါ်မှာ ဇာအပါးလေးထပ်ဝတ်ထားသော်လည်း ခေါင်ရမ်းအလှအပကို မကွယ်ထားနိုင်ပါ။ ကပိုကရိုဖြစ်နေသည့် အကျီလေးကပင် သူရိန့်ကိုစွဲဆောင်နေသည်။
သူရိန် စိတ်ကို အတတ်နိုင်ဆုံး ထိန်းထားသည်။ သူ့ခလေးမလေး အိပ်နေချိန်တွင် အခွင့်အရေး သူရိန်မယူချင်ပါ။
ခလေးမလေး သူ့ဆီကထွက်ပြေးသွားမှာသာ
သူကြောက်နေမိသည်။ ဒါမဲ့ သူ ခုတော့ စိတ်ချပါပီ။
ကလေးမလေး သူ့ဆီက ထွက်မပြေးနိုင်တော့သည်မို့...။
ထိုစဉ် ' ဆရာ ' ခေါင်ရမ်းသတိရလာ၍ ခေါ်လိုက်ခြင်းဖစ်ပေသည်။
YOU ARE READING
ချစ်တယ်ဆိုတာထက် ပိုပါတယ်
Romanceခုမှ စရေးတာမို့ လိုအပ်တာရှိရင် ခွင့်လွှတ်ပေးပါနော်🥺 ဒါလေးက romance လေးနဲ့ dark side ဘက်နဲနဲသွားတာမို့ ro ချင်တဲ့သူအတွက်ရော အမှောင်ကြိုက်တဲ့သူအတွက်ရော အဆင်ပြေပါတယ်နော် တတ်နိုင်သမျှအပိုင်းသစ်တွေလည်း တင်ပေးပါမယ်😚😚