ဆရာ' သူရိန်လှည့်ကြည့်တော့ ခေါင်ရမ်းလေးခေါ်လိုက်ချင်းဖြစ်သည်။ 'ခေါင်ရမ်းဘယ်ရောက်နေတာလဲဟင် ဆရာကရော ဘာလို့ ခေါင်ရမ်းနဲ့အတူရှိနေရတာလဲဟင်'
ခေါင်ရမ်းအမေးဖြစ်၏။
သူရိန်မဖြေနိုင်ပါ မဖြေနိုင်သည်ထက် မဖြေရက်ပေ။
သူခေါင်ရမ်းကို ကားတက်ပြေးလာသည်ကို ဘယ်လိုပြောရပါ့မလဲ။ မတတ်နိုင် ယောက်ျားတယောက်အနေနှင့် ကိုယ်လုပ်ပြီးမှတော့ တာဝန်ယူရပေမည်။
'ကိုယ်ခေါင်ရမ်းကို ခိုးလာတာ ခေါင်ရမ်း' သူရိန်ပြောတော့ ခေါင်ရမ်းအတော်လန့်သွားသည်။ သူရိန်ဆက်ပြောသည်
'ကိုယ် မင်းကို ဆုံးရှုံးရမှာကြောက်လို့ပါကွာ ကိုယ်တောင်းပန်ပါတယ်'မျက်နှာငယ်လေးနှင့် တောင်းပန်ရှာသည်။
သို့သော် ခေါင်ရမ်း ခွင့်မလွှတ်နိုင်ပါ ဆရာ့ကိုလည်း မချစ်နိုင်ပါ။ခေါင်ရမ်းသူ့စိတ်သူ သိသည်။သို့သော် ဘာတတ်နိုင်မလဲနော်။ ထွက်ပြေးဖို့ကြိုးစားမည်ဟုသာ တေးထားသည်။
သူရိန်က ထိုအကြောင်းအရာကို ရိပ်မိသည့်အလား
စောနက တိုးရှိုးတောင်းပန်ထားသော မျက်နှာက ချက်ချင်း ခက်ထန်သွားပြီး။
'ခလေးမ မင်းထွက်ပြေးလဲ သဘောပါ ကိုယ်က မင်းကိုခိုးလာပြီးပြီလေ မင်းကိုယ့်ကို ယူရတော့မှာ ဟားဟား'
အပိုင်တွက်ကာ ပြောလိုက်သည့်သူရိန့်စကားကြောင့် ခေါင်ရမ်း စိတ်တိုသွားသည်။
'ကျွန်မ ထွက်ပြေးမှာ ကိုသူရိန် ရှင့်ကိုလည်း တရားစွဲမယ်' ဒေါသသံတဝက် ငိုသံတဝက်နဲ့ ခေါင်ရမ်း အော်လိုက်သည်။
'မင်း ပြေးချင်ပြေးလေ။ ပြေးရဲရင်ပြေးပေါ့ ဒီ ခြံထဲမှာ အဲဇေးရှင်း ခွေး၄ကောင်ရှိတယ်။ မင်းလည်းသိမှာပါ သူတို့က သခင်ကလွဲရင် ကျန်တဲ့သူ အရိုးတခြား အသားတခြားပဲ'
သူရိန် ပြောကာ တံခါးကို သော့ခတ်ပြီး ထွက်သွား၏။
×××××××××××××××××××××××××××××××××××××မနက်၂ နာရီ
သမီးလေးပြန်မလာသေးပါ။ တီချစ်ရော ခေါင်ရမ်းအဖေပါ စိတ်ပူနေရှာသည်။
ဟော မနက် ၄
" တင်းတောင် " လူခေါ်ဘဲလ် မြည်လာ၏။
သမီးလေးအထင်နှင့် တံခါးဖွင့်လိုက်ရာ လူစိမ်းတယောက်။
'ကျနော့် ဆရာက စာပေးခိုင်းလို့ပါ' လူစိမ်းစာပေးပြီး ထွက်သွားသည်။ စာထဲတွင်...
သို့
တီချစ်
ကျနော်သူရိန်ပါ။ ခေါင်ရမ်းကို ကျနော် ခိုးသွားပါပြီ။
ခုလို နောက်ကျမှ အသိပေးရတဲ့အတွက်တောင်းပန်ပါတယ်။ ခေါင်ရမ်း ကျနော်နဲ့အတူရှိနေပါတယ်။ စိတ်မပူပါနဲ့။
YOU ARE READING
ချစ်တယ်ဆိုတာထက် ပိုပါတယ်
Romanceခုမှ စရေးတာမို့ လိုအပ်တာရှိရင် ခွင့်လွှတ်ပေးပါနော်🥺 ဒါလေးက romance လေးနဲ့ dark side ဘက်နဲနဲသွားတာမို့ ro ချင်တဲ့သူအတွက်ရော အမှောင်ကြိုက်တဲ့သူအတွက်ရော အဆင်ပြေပါတယ်နော် တတ်နိုင်သမျှအပိုင်းသစ်တွေလည်း တင်ပေးပါမယ်😚😚