ချစ်တယ်ဆိုတာထက်ပိုပါတယ် အအိုင်း(၅)

2.7K 51 5
                                    

သူရိန် ကားကို ညာဘက် ကွေ့ပီး လမ်းထဲ နဲနဲ ဝင်လိုက်တော့ ခေါင်ရမ်းတို့ အိမ်ရှေ့ရောက်လာသည်။
        သူရိန်လည်း ကားကို အိမ်ဘေး၌ရပ်ကာ ခေါင်ရမ်းတို့ ခြံထဲဝင်လာခဲ့သည်။
        ခြံထဲ၌ လူမရှိ အိမ်ထဲသို့ "ခေါင်ရမ်းရေ ခေါင်ရမ်း"
ဟု လှမ်းခေါ်လ်ုက်မှ အသက် ၄၀ ‌ဝန်းကျင်ခန့် အမျိုးသမီးတယောက် ထွက်လာပီး
      'ခေါင်းရမ်း အထဲမှာရှိတယ် လူလေး ဒါနဲ့ မင်းက ဘယ်သူလဲ မသိဖူး ‌'ပြောပြောဆိုဆို နဲ့ ဧည့်ခန့်းထဲမှာ သူရိန့်ကို နေရာပေးတယ်
     'ခေါင်ရမ်းတို့ သင်တန်းက ဆရာပါ ခဗျ ကျနော့်နာမည် သူရိန်ပါ'။ သူရိန် မိတ်ဆက်လိုက်မှ ထိုအမျိုးသမီးကြီးသဘောပေါက်သွားဟန် ဖြင့် ခေါင်ရမ်းအား လှမ်းခေါ်လိုက်သည်။
      "ခေါင်ရမ်း သမီးရေ ဆင်းခဲ့ပါအုံး ဧည့်သည်ရောက်လို့"
       ခဏနေတော့ ခေါင်ရမ်း ဒူးဖုံးဂါဝန် အဝါလေးနှင့် ကလေးဆန်စွာ ‌ပြေးဆင်းလာပီး။ သူရိန့်ကို မြင်တော့မှ မျက်လုံးလေးပြူးကာ အသာအယာ ဝင်ထိုင်တော့ ချစ်ဖို့တော့ကောင်းသား
       "ချာတိတ် မင်းနေကောင်းပီလား ပြေးလာပုံထောက်တော့ တော်တော် နေကောင်းနေတဲ့ ပုံပဲ "သူရိန်က ရွှံ့နောက်နောက်ဆိုတော့
   "မနက်က ဆေးခန်းသွားလိုက်လို့ သက်သာတာရှင့် ခုမှ နလံထတာ " ဘုဂလန့်ပြောဟန်လေးက ပင်လတမျိုးချစ်ဖို့ကောင်းနေပြန်သည်။
      "ကဲ ကဲ ဒါဆို ဆရာတပည့်၂ယောက် ပြောနေကြ တီချစ် မုန့်သွားပြင်ပေးမယ်"
     "နေပါစေ။ ကျနော် ‌သိပ်မကြာပါဖူး အလုပ်ရှုပ်နေပါ့မယ်" သူရိန်ကဘအားနာဟန်တာတော့
   "ကဲပါ ငါ့တူရယ် မုန့်လေးတော့ စားသွားပါ မကြာဖူး ခဏ တီချစ်က အိမ်လာရင် တခုခုစားမှကျေနပ်တာ"
  သူရိန် မတားတော့ပေ တီချစ်ရဲ့ စေတနာကို အသိအမှတ်ပြုသင့်သည်မဟုတ်လား။
"ခေါင်ရမ်း ကိုယ်တို့ ခြံထဲ စကားခဏ ပြောရအောင်"ဆိုတော့ မငြင်းရှာ ခြံထဲသို့သွားပီး ပန်းပင်တွေနားက ဒန်းပေါ်မှာ ထိုင်လိုက်သည်။
          "ခေါင်ရမ်း"။ သူရိန်က စူးနစ်သော အကြည့်များဖြင့်ကြည့်ပီးခေါ်လိုက်ရာ
     "ဟုတ် ပြောပါ ဆရာ" ခေါင်ရမ်းက သူရိန့် အကြည့်ကို လွှဲဖယ်၍ ‌‌ပြန်ပြောလိုက်သည်။
     "ကိုယ်လေ ခေါင်ရမ်းကို သိပ်ချစ်တယ် သိလား"
ခေါင်ရမ်း မျက်လုံးလေးများပြူးသွားပီး လန့်သွားဟန်တူသည် မတ်တပ်ပင် ထရပ်လိုက်သည်။
     နောက်တော့
             "ဒီမှာဆရာ ဆရာနဲ့ ခေါင်ရမ်း မနေ့တနေ့ ကမှ တွေ့တာပါ အခုပဲ ဆရာက ခေါင်ရမ်းကို ချစ်တယ်ဆိုတော့ ဘယ်လို ပုံစံမျိုးနဲ့ ခေါင်ရမ်းကယုံပေးရမှာလဲ"
   ခေါင်ရမ်းကစိတ်ဆိုးသွားဟန်ဖြင့် သူရိန့်စကားကို ခွန်းတုံ့ပြန်လိုက်သည်။
         "ခေါင်ရမ်း အချစ်ကို ဘယ်လို ထင်လဲတော့ ကိုယ်မသိဖူး ခေါင်ရမ်း ကိုယ့်အတွက် မိန်းမ တယောက်ကို ဒီလို ချစ်တယ်လို့ တခါမှ မပြောခဲ့ဖူးဘူး "။ သူရိန့်စကားကိုဘခေါင်ရမ်းက နှုတ်ခမ်းလေးမဲ့ကာ
                "ရှင်အရင်က တွဲခဲ့တဲ့ မိန်းမတွကို ရှင်လချစ်တယ်လို့ မပြောခဲ့ဖူးဘူးပေါ့ ဟားဟား ရယ်စရာပဲ။ ရှင် ခေါင်ရမ်းကို အရင်တွဲခဲ့တဲ့ မိန်းမတွေလို ထင်နေသလား ရှင် ရှုပ်တာ ပွေတာ ယမုံပြောပြလို့ အကုန်သိတယ်"
         "ကိုယ် ရှုပ်တာ ပွေတာ မှန်တယ် ခေါင်ရမ်း။ သူတို့က ကိုယ့်နားကို ပိုက်ဆံမက်လို့ ချဉ်းကပ်ခဲ့ကြတာ
သူတို့ လိုတာ ကိုယ်ပေးတယ် ကိုယ်လိုအပ်တဲ့ sex ကို သူတို့က ပေးတယ် ဒါပါပဲ ခေါင်ရမ်း ကိုယ် ဘယ်တုန်းကမှ သူတို့ကို ချစ်ခဲ့တာမဟုတ်ဖူး"
".............."
ခေါင်ရမ်း ဘာမှ ပြန်မပြော လက်သီးကို သာကျစ်ကျစ်ပါအောင်ဆုပ်ထားသည် သူ့ကိုယ်သူ အထင်သေးခံရသည်ဟု မြင်မိသည် ပိုပီးခံပြင်းမိသည်။
ထိုစဉ် တီချစ်က မုန့်စားရန် လှမ်းခေါ်တော့ နှစ်ယောက်သား ဟန်မပျက် အိမ်ထဲ ပြန်ဝင်လိုက်ကြသည်။
        စားသောက်ပီးတော့ သူရိန့်အားခြံဝသို့ ခေါင်ရမ်းကို ခိုက်ပို့ခိုင်းသည်
    ခြံဝ ရောက်တော့
       "ကိုယ်မင်းကိုချစ်တယ် ခေါင်ရမ်း ချစ်တဲ့ အတွက်ကြောင့်လည်း ပိုင်ဆိုင်ချင်တယ် ကိုယ်အခွင့်ရှိမလား"
သူရိန့် အသံထဲတွင် တိုးလျှိုးတောင်းပန်သံ ပါနေသည်
ဘယ်မိန်းခလေးကိုမှ အောက်ကျို့မခံသော သူရိန် ခေါင်ရမ်းနဲ့ တွေ့တော့မှ။ ယုန်သူငယ်လေး အလား။
        "ကျမ ရှင့်ကိုမချစ်ဖူး ကိုသူရိန် ရှင်ကဆရာတယောက်ပါ ကိုယ့်တပည့်ကို အဲ့လိုမျိုးပြောစရားလားရှင်"
ခေါင်ရမ်း ရင့်သည်းစွာဆိုသည်
     "ကိုယ်က သင်တနိးနည်းပြပါ ကျောင်းဆရာမဟုတ်ပါဖူးခေါင်ရမ်း။ ကိုယ်က ဆရာမဟုတ်ဖူး နည်းပြ သက်သက်ပဲ"
      "ဘယ်လိုဖြစ်ဖြစ် ကျမ မချစ်ဖူးရှင်" ခေါင်ရမ်းကဘခေါင်းခါကာာ အတင်းငြင်းနေသည်။
  ထိုအရာက သူရိန့်ကို ပိုပီးဒေါသထွက်စေသည်။
  သူရိန် ဘာမှပြန်မပြောတော့ပါ ကိုယ်ချစ်သည့် မိန်းခလေးမလား နောက်နေ့တွေ ထပ်ပြောမည် ဟုတွေးပီး ‌ထွက်လာခဲ့လိုက်သည်။
          ။။                         ။။                         ။။
   ည၁၂ နာရီ။ သူရိန် အိပ်မပျော်သေး ‌တွေးနေဆဲ
သူရိန် ခေါင်ရမ်းကို တကယ်ချစ်မိသွား‌သည် ချစ်သလို ပိုင်လည်း ပိုင်ဆိုင်ချင်သည်။ သူများတွေကတော့ ထင်လိမ့်မည် သူရိန်အတ္တကြီးသည်ပေါ့။ ဟုတ်ပါသည် အချစ်အတွက် သူရိန်အတ္တ ကြီးချင်သည်။ သူများတွေကတော့ အချစ်က စွန့်လွှတ်ခြင်းတဲ့ သူရိန်မယုံ။ တကယ်သာချစ်ရင် ပိုင်ဆိုင်ချင်တဲ့ ရမ္မက်ကတော့ ဖြစ်ပေါ်စမြဲပင်။
          ချစ်သည် ထို့အတွက်ကြောင့်လည်း ကိုယ်ချစ်သည့်အရာကို ပိုင်ဆိုင်ချင်သည်မဟုတ်ပါလော။
သူ့ခေါင်းထဲတွင် ခပ်မိုက်မိုက်အတွေးတချို့ ပေါ်လာသည်။
   "ဟုတ်ပီ " သူရိန် ရေရွတ်လိုက်ပီး နှစ်ခြိုက်စွာအိပ်ပစ်လိုက်တော့သည်။ နက်ဖန် လုပ်ငန်းစမည်ကိုး။

ချစ်တယ်ဆိုတာထက် ပိုပါတယ်Where stories live. Discover now