တီချစ်ရေ သွားပီနော် ' ခေါင်းရမ်း တီချစ်ကို နှုတ်ဆက်ကာ ထွက်လာခဲ့သည်။ ဖေဖေအလုပ်ရှုပ်နေ၍ ဦးလေးမောင်ကြီးကသာ လိုက်ပို့ပေးသည်။ ထို့နောက်
' သမီးရေ ဦးလေးမောင်ကြီး ပြန်လာမကြိုတော့ဖူးနော်
သမီးအဖေကိုလည်း ပြောခဲ့ပြီးပြီ အိမ်က အမျိုးသမီးနေမကောင်းလို့ပါ သမီးရယ်' ဦးလေးမောင်ကြီးက ပြောရှာသည်။
ဘယ်တတ်နိုင်မလဲ မိန်းမ နေမကောင်းတော့ သူပဲပြုစုပေးရမယ်မလား။ ခေါင်ရမ်းက ဘယ်လိုပြန်ပြန်ရပါတယ်လေ ဟုတွေးမိသည်။သင်တန်းတွင်
ယမုံက စောင့်နှင့်နေသည်။ထုံးစံတိုင်းနေရာ ဦးထားစမြဲပင် ။ယမုံနားဝင်ထိုင်ကာ အကျိုးအကြောင်း ရှင်းပြတော့ ယမုံပင် လန့်သွားဟန်တူသည်။
ထို့နောက် အတန်းမတက်တော့ဟု နှစ်ယောက်သား ဆုံးဖြတ်ခဲ့ကြသည်။ ဆရာဆိုပေမဲ့ လူဆိုးတယောက်နှင့်ပက်သက်ရမှာတော့ ခေါင်ရမ်းရော ယမုံပါကြောက်နေမိသည်။
သင်တန်းဆင်းတော့ ယမုံက အရင်ပြန်သွားသည်။
ထုံးစံတိုင်းမိုးကတော့ ညိုလျက်ပင်။ ခေါင်ရမ်းစိတ်တွေလေးနေသည်။
ထိုစဉ်။ မြင်ဖူးနေကြ ကားအနက်တစီး ခေါင်ရမ်းရှေ့လာရပ်သည်။ ထင်သည့်အတိုင်း ကားထဲတွင်တည်ကြည်စွာ ထိုင်နေသည်က ကိုသူရိန်။
'ခလေးမ အိမ်ကလာမကြိုဖူး မလား လာလာ ကိုယ့်ကားပေါ်တက်ခဲ့' သူရိန်က ခေါ်သာ်
ခေါင်ရမ်းလည်းတွေဝေမိနေသည် သူတက်သင့်လား
မကြာခင် မိုးကလည်း ချုပ်တော့မည်။Taxi တွေကလည်းငှားမရ
ထို့နောက် စိတ်ဆုံးဖြတ်လိုက်သည် ။ 'ဒီတရက်ပါပဲလေ နောက်နေ့တွေ ငါမှ သင်တန်းမတက်ဖစ်တော့တာ'
ကားေပါ်တက်ဖို့ ခေါင်ရမ်းဆုံးဖြတ်လိုက်သည် ။ထို့နောက် သူရိန်က 'ခေါင်ရမ်း ပင်ပန်းနေပီလား။ရော့ အအေးလေးသောက်က်ပါအုံး' ဟုဆိုကာ အအေးဘူးကမ်းပေးသည်။ ခေါင်ရမ်းလည်းရေဆာဆာနှင့် မငြင်းတော့ပဲ ချက်ချင်းဖောက်သောက်ပစ်လိုက်သည်။
ထို့နောက် ခေါင်ရမ်း ခေါင်းထဲတွင် နောက်ကျိလာကာ
လောကတခွင်လုံးမှောင်မိုက်သွားတော့၏။သူရိန်ကတော့ အရာရာကို ကြိုသိနေသည့်အလား အောင်နိုင်သူကဲ့သို့ ပြုံးကာ
'မင်းမချစ်လည်း ကိုယ်သိပ်ချစ်တယ်လေ ခေါင်ရမ်းရယ် မလုပ်သင့်မှန်းသိပေမဲ့ ကိုယ့်ကို ခွင့်လွှတ်ပါကွာ
YOU ARE READING
ချစ်တယ်ဆိုတာထက် ပိုပါတယ်
Romanceခုမှ စရေးတာမို့ လိုအပ်တာရှိရင် ခွင့်လွှတ်ပေးပါနော်🥺 ဒါလေးက romance လေးနဲ့ dark side ဘက်နဲနဲသွားတာမို့ ro ချင်တဲ့သူအတွက်ရော အမှောင်ကြိုက်တဲ့သူအတွက်ရော အဆင်ပြေပါတယ်နော် တတ်နိုင်သမျှအပိုင်းသစ်တွေလည်း တင်ပေးပါမယ်😚😚