နာမည်လေးက'ခေါင်ရမ်းပန်း' သိပ်ကို လှပီး ရှာမှရှားတဲ့ နာမည်လေး
မနက်ခင်းမှာနိုးလာတော့ တွေးမိတာက
'အတန်း တက်ရအုံးမယ်' ညည်းညူမိသား တနေတနေ့ အတန်းတက်နေရတာ စိတ်ပျက်စရာကြီးမဟုတ်လား
ရေမိုးချိုးပီး တီချစ်ဖျော်ထားသောကော်ဖီခါးခါး တခွက်သောက်ပလိုက်သည်။ ခေါင်ရမ်းက ကော်ဖီ သိပ်ကြိုက်
မနက်ပိုင်းဆို ကော်ဖီသောက်ရမှ ခေါင်းကြည်သည်မဟုတ်လား 'ခေါင်ရမ်း ဆင်းခဲ့တော့လေ သမီး ကားပိတ်နေမယ်
ခေါင်ရမ်းဖေဖေ လှမ်းခေါ်လိုက်ခြင်းဖြစ်သည်။
'လာပီ လာပီ ' ခေါင်ရမ်းလည်း လောလော နဲ့ ထွက်လာခဲ့လိုက်သည်။သင်တန်းတွင်
'ခေါင်ရမ်း ဒီမှာ လာလာ' ထုံးစံတိုင်းနေရဦးထားသော ယမုံ
ခေါင်ရမ်းနဲ့ယမုံက ငယ်သူငယ်ချင်းတွေ တူတူသွားတူတူလာနေကြ ယမုံက အမြဲတမ်း ခေါင်ရမ်းအတွက်နေရာဦးထားပေးတတ်သည်
'အင်း ယမုံ' ခေါင်ရမ်းလည်း ယမုံရှိရာသို့လျှောက်လာပီး ဘေးနားဝင်ထိုင်လိုက်ပီးမ သတိရသည်က
မှန်တင်ခုံပေါ်က ဖတ်စာအုပ်
'ဟိုက် ယမုံ ငါတော့သေပီ ဖတ်စာအုပ် ကျန်ခဲ့တယ် တီချယ်ခအချိန်မလား' ခေါင်ရမ်းလည်း စိတ်ညစ်စွာ ညည်းမိသည်
'တီချယ်ခ ဒီနေ့ပဲ အလုပ်ထွက်သွားတယ်တဲ့ငါတို့အတန်းကို ဆရာအသစ် လာမှာတဲ့'
'ဟင် တီချယ်ခ အလုပ်ထွက်သွားတယ်ဟုတ်လား ဘာလို့ '
'မသိဖူး ခေါင်ရမ်း'တီချယ်ခက စာသင်ကြမ်းပေမဲ့ အသင်အပြသိပ်ကောင်းသည် ခေါင်ရမ်းဆို သိပ်ချစ်တာ
အခုလိုရုတ်တရက် ထွက်သွားတော့ ဝမ်းနည်းမိတာအမှန်
'ငါလည်း မသိဖူး ခေါင်ရမ်း ဆရာ အသစ် လာမယ်လို့တော့ကြားတယ်'
'တီချယ်ခလောက် သူကသင်နိုင်ပါ့မလားဟာ'
'သင်နိုင်မယ်ထင်တာပါပဲ ဒါပေမဲ့ ဆရာ အသစ်က ငယ်တယ်တဲ့ '
'ပညာဆိုတာ အသက်အရွယ်နဲ့ မဆိုင်ဖူးလို့တော့ ငါဖတ်ဖူးတယ် ယမုံ ဒါနဲ့ ဆရာအသစ်ရဲ့ အသက်က'
'၂၇ ၂၈ လောက်တဲ့ငါလည်း အနောက်ခန်းက ကျောင်းသူတွေ ပြောသံကြားတာ တကယ်ဆို တီချယ်ခက အစားသင်ပေးတာတဲ့ အမှန်က သူ့အတန်းတဲ့ '
'အော် အဲ့လိုလား'
'ဟုတယ် ငါတို့က လွန်ခဲ့တဲ့ ၂လလောက်ကမှတက်လို့ မသိတာ'
ထိုစဥ် အတန်းထဲသို့ လူတယောက်ဝင်လာသည်
အရပ်ရှည်ရှည် အသားလတ်လတ် နဲ့ လူတယောက် ဝတ်ပုံစားပုံက ခပ်မိုက်မိုက် လက်ဆွဲအိတ်ကြောင့် ဆရာမှန်းသိသာစေသည်။
'ဟဲ့ လက်ဆွဲအိတ်ကြောင့်သာ ဆရာမှန်းသိတာ ဝတ်ပုံစားပုံက မိုက်တယ်ဟ ငါကဆရာဆိုလို့ လည်ကတုံးနဲ့ ပုဆိုးဝတ်လာမယ်ထင်နေတာ' ယမုံ့ရဲ့ အတင်းတိုးတိုးတုတ်သံ
'အေးဟဲ့ သူ့ပုံက ရုပ်ရှင်ရိုက်တော့မယ် ဆိုက်နဲ့ ဒီဇိုင်းကတော့အလန်းသိလား လက်ကနာရီကတင် သိန်း၂၀ အသာလေးပဲ ချမ်းသာပုံရတယ်ဟဲ့' ခေါင်ရမ်းက မှတ်ချက်ပေးသည်
'ကဲ မင်းတို့ စာအုပ်ထုတ်ကြ' အမိန့်သံနဲနဲပါသည်။
အဲ့လို အမိန့်သံမျိုးကို ခေါင်ရမ်းမကြိုက်ပါ။ ခုမှလည်း လာသေးတယ် အမိန့်သံပေးနေသော ဆရာအသစ်ကို ခေါင်ရမ်း ဘဝင်မကျပါ
ထိုစဥ် ခေါင်းပေါ်သို့ ခဲဖျက်မာမာ တခု ဝှီးခနဲ့
'အားးး နာလိုက်တာ' ခေါင်ရမ်းခေါင်းကို ခဲဖျက်နဲ့ ပစ်ပေါက်လိုက်ခြင်းဖြစ်သည် တခြားသူမဟုတ် ဆရာအသစ်
'ဟိုခလေးမ စာအုပ် မပါဖူးလား'
စာအုပ်မပါသော ခေါင်ရမ်းကို ရိပ်မိသွားဟန်တူသည်
ဘယ်လိုပဲဖြစ်ဖြစ် စစချင်း ဆောက်နဲ့ထွင်းသလို
ခေါင်းကို ခဲဖျက်နဲ့ ကောက်ပေါက်စရာမလို
ခေါင်ရမ်း တခဏတွေဝေသွားသည် နောက်မှ မျက်ရည်စတို့ စို့တက်လာသည် နာသည်ကိုးး
'ဟဲ့ ဟိုခလေးမ မေးနေတယ် စာအုပ်မပါဖူးလား'
ခေါင်ရမ်းလည်း ငိုသံပါလေးနှင့်
'ဟုတ်ကဲ့ ဆရာ လောလောနဲ့ထွက်လာတာ ကျန်ခဲ့လို့ပါ
ခေါင်ရမ်းတောင်းပန်ပါတယ်'
ဆရာဆိုတဲ့လူ အနား တိုးလာသည်
'နာမည်က...'
'ခေါင်ရမ်းပန်းပါ '
' နာမည်လေးလှသလောက် ပေါ့ဆလိုက်တာ' ဆရာအသစ်ရဲ့ မှတ်ချက်
ခေါင်ရမ်းကတော့ နာနေသော ခေါင်းကို ပွတ်ရင် ရှုံ့မဲ့နေရှာတာပေါ့ ဒီလိုနဲ့ သင်စရာရှိတာ ဆက်သင်နေတယ်
YOU ARE READING
ချစ်တယ်ဆိုတာထက် ပိုပါတယ်
Romanceခုမှ စရေးတာမို့ လိုအပ်တာရှိရင် ခွင့်လွှတ်ပေးပါနော်🥺 ဒါလေးက romance လေးနဲ့ dark side ဘက်နဲနဲသွားတာမို့ ro ချင်တဲ့သူအတွက်ရော အမှောင်ကြိုက်တဲ့သူအတွက်ရော အဆင်ပြေပါတယ်နော် တတ်နိုင်သမျှအပိုင်းသစ်တွေလည်း တင်ပေးပါမယ်😚😚