"အာ.......''
ထုံးစံအတိုင်း နားရွက်ဖျားတွေ ပါးတွေနီရဲသွား
တဲ့အကောင်ငယ်လေးကြောင့် ရှောင်းကျန့်မှာ
ပိုပိုတိုး၍ စချင်လာသည်။ငါကွာ!!!!!ကုန်းကိုက်လိုက်ရ!!!!!!
"ဆိုတော့ကာ.....မကျွေးဘူးလား''
မျက်ခုံးပင့်ကာ မေးလာသည့် စီနီယာကြောင့်
ရိပေါ် လက်ဖျား ခြေဖျားလေးတွေ အေးစက်
တုန်ယင်လာသည်။ဒီလောက်လူတွေအများကြီးရှိနေတာကိုလေ။
ရှက်လွန်းလို့ တစ်ကိုယ်လုံးကို သေးသေးလေး
ကျုံ့ပြီး ထွက်ပြေးချင်တော့တာပဲ။
စီနီယာ ကတကယ်ကြီး ၊အကြီးကြီး ၊ဧရာမကြီး
အရှက်မရှိလိုက်တာ။ရှောင်းကျန့်မေးတာကို ပြန်မဖြေဘဲ ဘေးဘက်
ကို တဖြည်းဖြည်း ရွေ့သွားတဲ့ ကောင်ငယ်လေး
က ခုံအစွန်းတောင်ရောက်လုနီးပြီ။ရော်...ပြုတ်ကျကုန်တော့မှာပဲ...။
စိုးရိမ်စိတ်နဲ့ ပွေ့ချီလိုက်တော့ သူ့ပေါင်ပေါ်
စွေ့ခနဲ ပါလာသည့် ကိုယ်လုံး သေးသေးလေး။ကျစ်!!!!ပေါ့ရွှတ်နေတာပဲ....
ဒီကလေးကိုအစားများများကျွေးဦးမှပါ.....။သူ့လုပ်ရပ်ကြောင့် တစ်ခန်းလုံးက
ဝိုးခနဲ ဝါးခနဲ။ရိပေါ်မှာလည်း မထင်မှတ်ထားသည့် အခြေအနေ
ကြောင့် မျက်လုံးအပြူးသား။သတိပြန်ဝင်
သည့်အချိန် စီနီယာပေါင်ပေါ် ကဆင်းမည်လုပ်
တော့ သူ့မိုချီလုံးနှစ်လုံးပေါ် ရောက်လာသည့်
စီနီယာ့လက်နှစ်ဖက်။အိ....ဘယ်နေရာတွေလာကိုင်နေတာလဲ!!!!!
ရှက်တာရော ဒေါသဖြစ်တာရော ပေါင်းကာ ရိပေါ်
မှာ အာပြဲလန်အောင် အော်ငိုတော့သည်။"အီး!!!!အောက်ချပေး ။ အခုဆင်းမယ် ''
ပေါင်ပေါ်မှာ ငြိမ်ငြိမ်မထိုင်ဘဲ လှုပ်ရွနေတဲ့ ကောင်ငယ်လေးကို ပြုတ်ကျမည်စိုး၍ ထိန်းကိုင်လိုက်ကာမှ ပိုဆိုးသွားသည်ထင်။တစ်ကိုယ်လုံးကော့လန်ကာ
ပိုပိုပြီး အော်ငိုလာသည့်ကလေးကြောင့် ရှောင်းကျန့်
လည်း ဘာလုပ်လို့ဘာကိုင်ရမည်မသိ။