သူ့စကားကြောင့်ရှက်ရဲရဲ ဖြစ်သွားတဲ့မှိုလုံးလေး
ရဲ့ ပါးနှစ်ဖက်ကို ဖျစ်ညှစ်ပစ်ကာ ခပ်ကျယ်ကျယ်
်ရယ်မိတော့ မှိုလုံးလေးက မျက်နှာကြီးရှူတေတေ
နဲ့ သူ့ကိုစိုက်ကြည့်သည်။"ကိုယ်က စတာပါကွာ''
စကားပြောနေရင်းနဲ့ မှိုလုံးလေးဆံပင်တွေကို ဆွဲဖွ
မိတဲ့အခါ သူ့လက်တွေကိုပုတ်ထုတ်လာတဲ့
လက်.သေးသေးလေးတွေ။"ခေါင်းကိုမကိုင်ပါနဲ့ Senior။
ကျွန်တော့် pa paတောင်
ကျွန်တော့်ခေါင်းမကိုင်ဘူး''နှုတ်ခမ်းကြီးတထော်ထော်နဲ့ ပြောနေတဲ့ကောင်လေး
က သူ့ကိုကြည့်ကာ အသည်းတယားယားဖြစ်နေတဲ့
ရှောင်းကျန့်ကို သတိပြုမိဟန်မတူ။ မျက်နှာရှေ့
ရုတ်တရက် တိုးကပ်မိတော့
လန့်သွားတဲ့ကောင်ငယ်လေးဟာ ပါးစပ်လေးဟ
ကာမျက်လုံးလေးပြူးလို့။*အဟက်!အသည်းယားစရာလေး *
စကားပြောနေရင်း ရုတ်တရက် မိမိမျက်နှာအနား
တိုးကပ်လာတဲ့ Seniorကြောင့် ရိပေါ်မှာ ရင်တွေ
ခုန်ကာ ခြေထောက်တွေပါတုန်လာသည်။"ကိုယ်က မင်းpa paမှ မဟုတ်တာ။ကိုယ်က
မင်းယောကျာ်း''ရိပေါ်နှာခေါင်းထိပ်ကို သူ့လက်ညှိုးနဲ့ဖိကပ်ကာ
ပြောလာတဲ့ Seniorကြောင့် ကြောက်လန့်တကြား
အနောက်ကိုတိုးဆုတ်မိတော့ သစ္စာဖောက်တဲ့
ခြေထောက်က ဟန်ချက်ပျက်ကာ ခွေယိုင်လဲတော့
သည်။မြေကြီးနဲ့ခန္ဓာ မိတ်ဆက်မယ်လို့ ထင်လိုက်မိ
ပေမယ့် တကယ်တမ်း ညွတ်ကျသွားသည်က Seniorရဲ့ ရင်ခွင်ကျယ်ကြီးဆီ။ရိပေါ်ပဲ စိတ်ထင်၍လားမသိ။Seniorရဲ့ နှလုံးဆီမှ တဒုတ်ဒုတ်ဆို
ပြီး နှစ်ချက်မြည်သွားသလားလို့။နှစ်ယောက်သား
ကြောင်အစွာနဲ့ လူသွားစင်္ကြန်ပေါ်မှာ ဖက်ယှက်နေမိသည်က အချိန်အတန်ကြာသည်အထိ။ လမ်းသွားလမ်းလာကျောင်းသူတစ်ချို့၏ ရယ်သံကြားမှ Seniorရင်ခွင်ထဲမှရုန်းထွက်မိသည်။ထင်မှတ်မထားတဲ့ပုံစံကြောင့် Seniorလည်းရှက်
သွားပုံပင်။ လည်ပင်းကိုပွတ်ကာ ခပ်တိုးတိုးရယ်
နေတဲ့ Seniorက အရှက်သည်းနေတဲ့ ယုန်ဖြူ
လေးလို။