"အာ''
ရှောင်းကျန့်စကားကြောင့် ရှက်သွားပုံရတဲ့
မှိုလုံးလေးဟာ ခေါင်းကိုငုံ့သွားတာများ
ပြန်ပင်မမော့လာတော့။ သကြားလုံးကို
ဆက်မဝါးရဲဘဲငုံထားတော့ နဂိုဖောင်းနေတဲ့
ပါးနှစ်ဖက်က ပိုဖောင်းကာ ရှောင်းကျန့်စားနေကျ
ပဲပေါက်စီလုံးလို လုံးလုံးအိအိလေးဖြစ်နေသည်။ဘာလုပ်လုပ်လိုက်flirtနေတဲ့ Seniorကြောင့်
ရိပေါ်မှာ အတော်စိတ်အိုက်နေရသည်။အခုလည်း
Seniorစကားကြောင့် သကြားလုံးကို ပင်
ဆက်မဝါးနိုင်ဘဲငုံထားရသည်အထိ။အတန်ကြာသည်အထိ ခေါင်းမော့မလာတာ
ကြောင့် ရှောင်းကျန့် ကားကိုလမ်းဘေးနားထိုး
ရပ်ကာ"ရိပေါ်''
".......''
"ကိုယ်ခေါ်နေတယ်လေ ရိပေါ်''
ထပ်အစခံရမှာ ကြောက်နေတဲ့ မှိုလုံးလေးဟာ
သူ့စကားကို အဖက်ပင်မလုပ်။ခေါင်းကိုငုံ့
ထားကာ မကြားချင်ယောင်ဆောင်နေမြဲ။"ဒီတစ်ခါ စကားအကောင်းပြောမှာ။
ကိုယ်မစတော့ဘူး''မစတော့ဘူးဆိုတဲ့စကားကြောင့် ခေါင်းလေးကို
မဝံ့မရဲ ပြန်မော့လာပေမယ့် အကြည့်တွေကတော့
ရှောင်းကျန့်ဘက်ရောက်မလာ။ဘေးတိုက်အနေ
အထားနဲ့ ကြည့်တာတောင် နီစွေးနေတဲ့ ပါးဖောင်း
လေးနဲ့ နားရွက်ဖျားလေးကြောင့် ရှောင်းကျန့်မှာ
အသည်းတယားယား။"ရိပေါ် ကိုယ့်ကိုကြည့်''
"........''
ရှောင်းကျန့်မှာသူစတာလွန်သွားတာကြောင့်
လေသံအေးအေးလေးနဲ့ ချော့ပြောသော်လည်း
တော်တော်ကြာသည်အထိ သူ့ကိုလှည့်မကြာလာ
တဲ့ မှိုလုံးလေးကြောင့် စိတ်တိုသွားကာ"ဝမ်ရိပေါ်!!!!!!အဲ့လိုပေကပ်ကပ်လုပ်တာတွေကိုယ်
မကြိုက်ဘူးနော်။ကျစ်! ကလေးတွေက စလို့မကောင်း
ဘူး''"ဟုတ်ကဲ့''
ငိုသံ ရောနေတဲ့ ပြန်ဖြေသံ တိုးတိုးလေးကိုကြားရ
တော့လည်း စိတ်မကောင်းဖြစ်ရပြန်သည်။"Sorry ကိုယ်ဒေါသထွက်မိသွားတယ်''
"ဟုတ်''
"ကားကွေ့ရမှာ ဘယ်ဘက်လား။ ညာဘက်လား
မေးမလို့ကို မင်းကလှည့်မှမကြည့်တာ။ကိုယ်စိတ်တို
မိတာပေါ့''