1(Unicode)

2.5K 235 72
                                    

Unicode

ကိုယ်တစ်ဖက်သတ်ကြွေခဲ့ရတဲ့ final yearက
အစ်ကိုကြီးကလည်း တစ်ချိန်မှာကိုယ့်သူငယ်ချင်း
ရဲ့ကောင်လေးဖြစ်လာနိုင်ပါတယ်။

ခွမ်း!!!!!

FAမတစ်ယောက်ရဲ့ကြေကွဲသံ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဝမ်ရိပေါ်က Peking Universityရဲ့ first yearကျောင်းသားတစ်ဦး။ အသားဖြူ ဖြူ နှုတ်ခမ်းဆူဆူပါးဖောင်းဖောင်း ခေါင်းလုံးလုံးလေးနဲ့ ရိပေါ်ဟာမချောပေမယ့် ချစ်စရာကောင်းတဲ့ကောင်လေးတစ်ယောက်။ ပါးနဲ့မားတို့ရဲ့ အသည်းတုန်လေး။
တစ်မျိုးလုံးရဲ့အချစ်ခံလေး။ ဝမ်ရိပေါ်ရဲ့ ချစ်စရာ
ကောင်းမှုအကြောင်းပြောပြရရင် တရုတ်အစိုးရBLကိုလက်ခံလာမယ့်နေ့ထက်တောင်ကြာဦးမယ်။

အဓိကပြောချင်တာက ဝမ်ရိပေါ်ဟာ ချစ်စရာ
ကောင်းပေမယ့်ရည်းစားမရှိဘူး။မေမေ့ရဲ့ ရည်းစားမထားရင် စားချင်တာ ဝယ်ကျွေးမယ်ဆိုတဲ့ ရာဇသံ
အောက်မှာ ဝမ်ရိပေါ်ဟာ လုံးလုံးလေးဝပ်ဆင်းရ
တယ်။

ကိုယ့်ထမင်းကိုယ်စားပြီး သူများသားသမီး စိတ်ပူ
ရတာမျိုးကိုလည်း ရိပေါ်လေးက သဘောမကျပါဘူး။

ကိုယ့်မိဘနဲ့အတူနေခွင့်ရတဲ့ အချိန်လေးမှာတော့
မိဘလုပ်စာကိုပြုံးပြုံးကြီးထိုင်စားဦးမှာ။

အအိပ်နဲ့ အစားပဲ သိတဲ့ ရိပေါ်ရဲ့ကမ္ဘာလေးထဲကို
စီနီယာရှောင်းကျန့်ဆိုတဲ့ ငလျင်လှိုင်းကြီးတစ်ခု
ဝုန်းကနဲ လှုပ်ခတ်လိုက်တဲ့အခါမှာတော့ ရိပေါ်လေး
ရဲ့ comfort zoneလေးဟာ ကမောက်ကမတွေ
ဖြစ်ကုန်ရတယ်။

ဒါတွေဟာ သူငယ်ဂျင်းမ Samရဲ့ စနက်တွေကြောင့်
သာမက စီနီယာ အစ်ကိုကြီးရဲ့ တော်ကီကြွယ်နည်း
အဖြာဖြာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။
ရိပေါ်လေးရဲ့ စပ်စလူးထမှုလေး
ကတော့မဆိုသလောက် ပိစိလေးရယ်ပါ။

Samက ရိပေါ်ရဲ့တစ်ဦးတည်းသော
ငယ်သူငယ်ချင်းမလေး။

Samကအဆဲသန်ပေမယ့်
့်စိတ်သဘောမနော တကယ်ကောင်းတယ်။
Samရဲ့ Peking Universityကိုတက်ရခြင်း
ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။ ဒီတက္ကသိုလ်က
ရှောင်းကျန့်ဆိုတဲ့ အစ်ကိုကြီးနဲ့rsဖြစ်ဖို့တဲ့။
မွေးရကျိုးနပ်တဲ့ သမီးလေးရယ်ပါ။

You Are My MarshmallowWhere stories live. Discover now