8(Unicode)

1K 155 53
                                    

"ဘာ....ဘာ...ဘာလို့...လာနမ်းတာလဲ''

ရှောင်းကျန့် သူ့ရှေ့က မှိုလုံးလေးကိုကြည့်ကာ
ခပ်တိုးတိုး ရယ်မိသွားသည်အထိ။နှုတ်ခမ်းလေး
ထိရုံနမ်းလိုက်တာတောင် မျက်နှာတစ်ပြင်လုံး
နီရဲစွေးလာသည့် ကောင်ငယ်လေးက တကယ့်ကို
နူးနူးညံ့ညံ့ လေး။

ကြည့်နေရင်း အသည်းယားလာတာကြောင့်
မှိုလုံးလေးရဲ့ ပါးဖောင်းဖောင်းကြီးထဲ သူ့နှာခေါင်း
တစ်ခုလုံး နစ်ဝင်သွားသည်အထိ နမ်းရှိုက်ပစ်လိုက်
သည်။

~~ရွှတ်~~

"အီး.....ထပ်နမ်းပြန်ပြီ။ ကြိုက်ပါဘူးဆို!!!!''

ကလေးဆန်လွန်းတဲ့ မှိုလုံးလေး ဆံပင်
တွေကိုဆွဲဖွပစ်တော့ နှာခေါင်းရှုံ့ကာ သူ့လက်ကို
ပုတ်ထုတ်လာတဲ့ လက်သေးသေးလေးတွေ။

"ဟော ဗျာ~~~စိတ်ဆိုးသွားတာလား~~''

ရှောင်းကျန့် သူ့ကိုအရေးမစိုက်ဘဲ လက်သည်းကိုက်
နေတဲ့ကောင်ငယ်လေးကို ရင်ခွင်ထဲဆွဲပွေ့ပစ်ကာ
နားသယ်စပ်နားကို မထိတထိနမ်းပြန်တော့
တုန်တက်သွားတဲ့ ကိုယ်လုံးလေး။

ခက်လိုက်တာ။ဒီကောင်လေးက ဘယ်နေရာကို
ထိထိ sensitiveဖြစ်နေတော့တာပဲ!!!!

"အူပူကြူးကို ကိုယ်က ကြိုက်မိသွားလို့နမ်းလိုက်
တာလေ။ ဒါက ထူးဆန်းတဲ့ကိစ္စမှ မဟုတ်တာ''

ထိုစကားကြားတော့ သူ့ရှေ့က မှိုလုံးလေးက
နှာခေါင်းရှုံ့ကာ ရန်ပြန်တွေ့သည်။

"မား ကပြောတယ်။ နှုတ်ခမ်းကို နမ်းတယ်ဆိုတာ
ရည်းစားတွေမှ နမ်းကြတာတဲ့''

"ဒါဆို ကိုယ်တို့ရည်းစားလုပ်ကြမလား''

"လုပ်ချင်ပါဘူး!!!SeniorကိုSamကြိုက်နေတာ။
သူငယ်ချင်း ကို သစ္စာဖောက်ပြီး Seniorကို
ရည်းစားမတော်နိုင်ပါဘူး။မာမားကပြောတယ် ။
သူငယ်ချင်းအပေါ် သစ္စာမဖောက်ရဘူးတဲ့''

ရော် အသည်းအသန်ကို ငြင်းနေတော့တာပဲ။

"Samကိုသစ္စာဖောက်တယ်ပြောရအောင် Samနဲ့
ကိုယ်က ရည်းစားတွေမှ မဟုတ်တာ။ဒါကြောင့်
ရိပေါ်လေး က ကိုယ့်ကိုပြန်ကြိုက်လို့ရတယ်''

You Are My MarshmallowWhere stories live. Discover now