3(Zawgyi)

1.1K 120 40
                                    

Zawgyi

သူ့စကားကြားတော့ တစ်ခန်းလုံးက အပ်ကျသံပင်
မကြားရအောင် တိတ်ဆိတ်သွားတယ်။ဆရာမဆီ
ီအကြည့်ပို့ မိတော့ ဆရာမကပါးစပ်အဟောင်းသားနဲ့သူ့ကိုကြည့်နေတယ်။ကြားကြားချင်းမို့ ဆရာမ
လည်းအံ့ သြသွားတယ်ထင်ပါတယ်။ တုန်ယင်နေတဲ့လက်ကို အသာထိန်းပြီးတံတွေးတစ်ချက်မြိုချကာ ဖြေရှင်းချက်ပေးဖို့ကြိုးစားရတယ်။

"ဟို..ကျွန်တော်ပြောချင်တာကလေ aဆိုတဲ့authenticရယ်bဆိုတဲ့behaviorရယ်cဆိုတဲ့characterရယ်dဆိုတဲ့dimensionရယ်ကို
ပြောချင်တာ။
်ခုနကဆရာမသင်တဲ့ သင်ခန်းစာမှာပါတဲ့ အချက်၎ချက်ကိုအတိုပြန်ချုံ့ပြီး ပြောလိုက်တာ''

ရိပေါ်ရဲ့ဖြေရှင်းချက်ကို သဘောကျသွားတဲ့ ဆရာမကခေါင်းတစ်ညိမ့်ညိမ့်။
အခန်းထဲက hyperတွေက့ နှာတကစ်ကစ်။
ရိပေါ်လေးက အပြုံးတဝင့်ဝင့်။

"သားကတော်လိုက်တာ။ သင်ခန်းစာကို ချက်ချင်း
အနှစ်ချုပ်နိုင်တယ်။မင်းတို့လည်း သူ့ကိုအတုယူ။
အရည်မရ အဖက်မရတွေပဲပြောမနေနဲ့။ ကဲ ဒီသား
လေးအတွက် လက်ခုပ်တီးပေးလိုက်ပါဦး''

အခြေအနေ၊အချိန်အခါကိုလိုက်ပြီး အလျဉ်းသင့်
သလိုအသုံးချနိုင်တဲ့ ကိုယ့်ကိုယ်ကိုပဲ ရွှေချထားရ
မလား။.လူကိုရင်တုန်စေပြီး အတွေးများအောင်လုပ်
သွားတဲ့Seniorကိုပဲ အပြစ်တင်ရမလား ။
အစားမတော် တစ်လုပ်၊ အသွားမတော် တစ်လှမ်း
ဆိုသလို အပြောမတော်ရင် ရုံးခန်းရောက်မှာလေ။
ဒါတွေဟာ Seniorမကောင်းလို့။

့Samကပြိုင်ပွဲအတွက် rehearsal လေ့ကျင့်ရမည်ဆိုတာကြောင့် ရိပေါ်တစ်ယောက်တည်းပြန်ရဖို့အကြောင်းဖန်လာသည်။

ခေါင်းလောင်းထိုးပြီးတာနဲ့တစ်ပြိုင်နက် လွယ်အိတ်
လွယ်ကာ အခန်းထဲက တစ်ဟုန်ထိုးပြေးထွက်လာခဲ့
သည်။ ဒီလိုနေ့ မျိုးဆိုFinal yearတွေနဲ့first yearတွေရဲ့ကျောင်းဆင်းချိန်တူတာကြောင့် Seniorတို့အဖွဲ့နဲ့ထိပ်တိုက်တွေ့နိုင်သည်။ကိုယ့်
ဘက်ကရှောင်နိုင်မှတော်ကာကြမယ့်အခြေအနေ
ဖြစ်တာကြောင့် ရိပေါ်ဟာအိမ်အမြန်ပြန်ရောက်ဖို့သာ စိတ်အားထက်သန်နေသည်။

ရိပေါ်အတွက်တော့ ဒီနေ့ကတကယ့်ကိုပြသဒါး
နေ့။
Final yearအဆောင်ရှေ့ရောက်ရုံရှိသေး။
အခန်းထဲကထွက်လာတဲ့ Final yearတွေကြောင့်
ရိပေါ်မှာအကြပ်ရိုက်ရသည်။ တဟေးဟေး၊တဟား
ဟားနဲ့ တစ်ယောက်နဲ့တစ်ယောက် စနောက်ရိုက်
ပုတ်ရင်းထွက်လာတာကြောင့် ရိပေါ်မှာသူတို့ကို
ရှောင်ရင်း ဟိုဘက်ယိမ်းလိုက် ၊ဒီဘက်ယိမ်းလိုက်။
ထောင်ထောင်မောင်းမောင်း Final yearတွေ
ကြားထဲ ရိပေါ်ရဲ့ သေးသေးညှပ်ညှပ်ကိုယ်လုံး
လေးကိုမယိုင်လဲအောင်ထိန်းရ၊ Seniorတို့အဖွဲ့
တွေ့သွားမှာလည်း စိုးရိမ်ရနဲ့ ဇောချွေးတွေတောင်
ထွက်လာတယ်။

You Are My MarshmallowWhere stories live. Discover now