"ညနေ ကျ ကိုယ့်ကို စောင့်နေနော်။ အတူတူပြန်
မယ်''"မပြန်ပါဘူး''
"မနေ့ကလို ဆွဲပွေ့ခံချင်ရင် တစ်ယောက်တည်း
ပြန်ကြည့်လိုက်လေ''မျက်ခုံးတစ်ဖက်တွန့်ကာ နှုတ်ခမ်းကိုရွဲ့လို့ ပြောလာ
တဲ့ Seniorကြောင့် ရိပေါ်ရန်ပြန်မတွေ့နိုင်တော့။
Seniorပုံစံက တကယ်လုပ်မယ့်ပုံကြီး။"Biscuit မစားချင်လည်း သူငယ်ချင်းကို ကျွေး
လိုက်။ ကိုယ်သွားပြီ ရိပေါ်''လက်နှစ်ဖက်ကိုဘောင်းဘီအိတ်ကပ်ထဲထည့်ကာ
အခန်းထဲကထွက်သွားတဲ့ Seniorကိုကြည့်ပြီး
ရိပေါ်က အားကျနေမိသည်။ပြောလို့ပြောသာမဟုတ်။ Seniorက တကယ်ကိုsmartကျလွန်းသည်။ထုံးစံအတိုင်းSamကrehearsalရှိတာကြောင့်
ရိပေါ်နဲ့ အတူမပြန်နိုင်။Final yearအဆောင်
ဘက်လျှောက်လာရင်း Seniorတို့အခန်းဘက်
လှည့်ကြည့်မိတော့ အခန်းထဲ တစ်ယောက်မှရှိမနေ။ဘာကိုအလိုမကျဖြစ်သွားမှန်းမသိတဲ့ ရိပေါ်က
ကြွေကျနေတဲ့ သစ်ရွက်တွေကို ခြေထောက်နဲ့
ကန်ရင်း ပါးစပ်ကလည်းပွစိ ပွစိရေရွတ်နေသည်။"အလကား Senior။တကယ်စောင့်နေတာလည်း
မဟုတ်ဘဲ အာပလာတွေလျှောက်ပြောနေတယ်။
Seniorအူပုတ်''သတိမထားမိပါဘဲ လွှတ်ခနဲ ထွက်သွားမိတဲ့
စကားကြောင့် ရိပေါ်မှာ သူ့ကိုယ်သူတောင်
မယုံနိုင်။သူ့ပါးစပ်သူ လက်နဲ့ရိုက်ကာ မျက်လုံး
အပြူးသားနဲ့ အံသြနေမိသည်။တကယ်ဆို ရိပေါ်ကပျော်နေရမှာလေ။ သူ့ကို
စိတ်ကျဉ်းကျပ်အောင်လုပ်တဲ့ Seniorနဲ့အတူ
မပြန်ရတာ ပျော်နေရမှာကို စိတ်ထဲ ဝမ်းနည်းမိ
သလို ဖြစ်နေတာ ဘာအထာလဲ။တွေးမရတော့တဲ့အဆုံး ကျောပိုးအိတ်ထဲက
သကြားလုံးကိုယူကာ ဖောက်ပြီးခါမှ မနေ့က
Seniorပြောခဲ့တဲ့ စကားကြီး ပြန်ကြားယောင်
ကာ မျက်နှာလေး ရှုံ့မဲ့သွားသည်။*နှုတ်ခမ်း တွေကိုက်ဝါး အား!!!!*
အတွေးထဲပေါ်လာတဲ့ Seniorနှုတ်ခမ်းပါးကြောင့်
လူက အယောင်ယောင်အနနဖြစ်ကာ လက်ထဲက
သကြားလုံးတောင် ပစ်ပေါက်လိုက်မိသည်အထိ။
သကြားလုံးလေးကတော့ မြေပြင်နဲ့ မိတ်ဆက်ကာ
အစိတ်စိတ်အမွှာမွှာဖြစ်သွားရှာသည်။ အီစီကလီ
အတွဲကြောင့် သကြားလုံးလည်း ဘဝပျက်ရ။