2(Unicode)

1.6K 229 43
                                    

Unicode

"ရိပေါ် နင်အဆင်ပြေရဲ့လား''

ကန်တင်းရောက်တော့ မားထည့်ပေးလိုက်တဲ့ရေဘူး
တစ်ဝက်လောက်မော့ချလိုက်မှ လူကနေသာထိုင်သာရှိသွားတယ်။
ဒါတောင်ရေဘူး ကိုင်ထားတဲ့လက်က တဆတ်ဆတ်
တုန်နေဆဲ။

"ငါပြောတဲ့ ရှောင်းကျန့်ကောကော ဆိုတာသူလေ''

"အင်း သိတယ်''

"ဟမ် နင်ဘယ်လိုသိသွားတာလဲ''

"ခုနက သူ့နာမည်ကိုပြောတယ်လေ။ နင့်စိတ်တွေ
ဘယ်ရောက်နေလဲ Sam''

"Sryပါဟယ်။ ငါလည်း သူ့ကိုတွေ့တွေ့ခြင်း
အပျော်လွန်သွားတာနဲ့ နင်တို့ပြောတာတွေ သေချာ
မကြားလိုက်တာ''

"ရိပေါ် ငါ့ကိုလည်း ရေနည်းနည်းတိုက်''

"အင်း ခဏ''

ရေဘူး အဝကို တစ်ရှူးနဲ့သုတ်နေတဲ့ ရိပေါ်
ကြောင့်Samက

"ငါကသန့်ပါတယ်ဟယ်။ ကြီးကျယ်လိုက်တာ''

"အကျင့်ပါနေလို့ပါဟ။ နင်သောက်ရင် ရေဘူးနဲ့
နင့်နှုတ်ခမ်းနဲ့မထိစေနဲ့နော်''

Samကတော့ သူ့ကိုမျက်စောင်းတစ်ချက်ထိုးကာ
ရေဘူးကိုနှုတ်ခမ်းနဲ့မထိအောင်သောက်နေသည်။

ရိပေါ်ကကြီးကျယ်တာတော့ မဟုတ်ပေမယ့်
အသန့်တော့ကြိုက်သည်။

တက္ကသိုလ်တက်တာတောင် အိမ်ထမင်း အိမ်ဟင်းပဲ
စားတတ်တဲ့ အပြင် ရေဘူးကအစ သူက
သပ်သပ်ရပ်ရပ်ပြင်ဆင်ထားတာ။

အများအမြင်မှာကလေးဆန်တယ် ထင်ရပေမယ့်
တကယ်တော့ရိပေါ်က ဒီလိုလေးတွေ အသေးစိတ်
ပြင်ဆင်ရတာကို သဘောကျခြင်းမျှသာ။

"ဘာလို့ အဲ့လိုသွားပြောရတာလဲ။ ရှောင်းကျန့်ကောစိတ်ဆိုးရင် အရမ်းကြောက်ဖို့ကောင်းတာတဲ့။နင်ကံကောင်းသွားတယ်''

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


"ဘာလို့ အဲ့လိုသွားပြောရတာလဲ။ ရှောင်းကျန့်ကော
စိတ်ဆိုးရင် အရမ်းကြောက်ဖို့ကောင်းတာတဲ့။နင်
ကံကောင်းသွားတယ်''

You Are My MarshmallowWhere stories live. Discover now