မိတ်ဆက်

276 6 4
                                    

မိတ်ဆက်(Unicode)

အိမ်မက်.....

ရှေးလူကြီးတွေက အိမ်မက်မက်ရင် အတိတ်၊နိမိတ်တွေကောက်ကြပေမယ့်.....
သိပ္ပံပညာရှင်တွေကတော့ လူသားတွေရဲ့ခန္ဓာကိုယ်ကြီး အိပ်စက်အနားယူနေချိန်မှာ ဦးနှောက်ကဆဲလ်လေးတွေက အလုပ်လုပ်နေသေးတာကြောင့် အိမ်မက်တွေကို မြင်မက်ကြတာလို့ ပြောခဲ့ကြတယ်.....

ငါတို့ဟာ အိမ်မက်တွေကို.....

စိတ်စွဲလန်းတာကြောင့်လည်း မက်ကြတယ်။
မသိစိတ်ကကြောက်ရွံနေတာတွေကိုလည်း အိမ်မက်ထဲမှာ ကြုံတွေ့ရတတ်တယ်....
စိတ်ဖိစီးမှုများတဲ့အခါမှာလည်း အိမ်မက်မက်ကြတယ်....
စိတ်ကူးယဉ်တဲ့အရာတွေကိုလည်း အိမ်မက်ထဲမှာ အကောင်အထည်ဖော်တတ်ကြသေးတယ်....

ဒါပေမယ့်....ငါက
ငယ်ငယ်ကတည်းက အိမ်မက် မမက်ဖူးတဲ့သူတစ်ယောက်

အိမ်မက်ဆိုတဲ့အရာက ငါနဲ့မသက်ဆိုင်ခဲ့ဘူး....အချိန်အထိ။

အခုတော့.....ညရောက်မှာကိုဘဲ မျော်လင့်နေမိတယ်။
အိမ်မက် မက်ဖို့ကိုဘဲ ရင်ခုန်နေမိတယ်။

သူ.....အိမ်မက်ထဲကသူ။
ပျော်ရွှင်နေမိတယ်....သူဘယ်သူမှန်း၊ဘာမှန်းမသိတာတောင် ပျော်ရွှင်နေမိတယ်။
သူနဲ့တွေဖို့ ကြည်နူးစွာ စောင့်မျှော်နေမိတယ်။

မမှတ်မိနိုင်ဘူး......
အရာအားလုံး....အိမ်မက်ထဲက အရာအားလုံး၊
ပတ်၀န်းကျင်မြင်ကွင်းတွေ.....
သူ့ရဲ့အပြုအမူတွေ.....
သူ့ဆီက နွေးထွေးမှုတွေ၊ကြင်နာမှုတွေ အရာအားလုံးကို မှတ်မိပေမယ့်....
သူ့မျက်နှာကို မမှတ်မိဘူး။

သိချင်မိတယ်.....
သူက ဘယ်သူလဲဆိုတာကို....
တွေ့ချင်မိတယ်.....တစ်နေနေ့မှာ....
ဆုံစည်းခွင့်ရခဲ့ရင်.....သူနဲ့ ။

ကျေးဇူးတင်လျက်
#အိုင်းစစ်

ဒီ၀တ္ထုလေးက သဘာ၀လွန်လည်းဖြစ်သွားနိုင်တယ်။သဘာ၀ဘောင်အတွင်းကလည်း ဖြစ်နိုင်တယ်။
ဒါပေမယ့် သေချာတာကတော့ အတတ်နိုင်ဆုံး အားလုံးလက်ခံနိုင်အောင် ကြိုးစားပြီးရေးသွားပါမယ်...

🌹🌹🌹🌹🌹🌹🌹🌹


မိတ်ဆက်(Zawgyi)

အိမ်မက်.....




ဒါပေမယ့်....ငါက



သူ.....အိမ်မက်ထဲကသူ။

မမှတ်မိနိုင်ဘူး......
သူ့ရဲ့အပြုအမူတွေ.....

သိချင်မိတယ်.....
သူက ဘယ်သူလဲဆိုတာကို....

ကျေးဇူးတင်လျက်
#အိုင်းစစ်


ဆုံစည်းခွင့်ရခဲ့လျှင်Where stories live. Discover now