အပိုင်း(၅)

43 3 0
                                    

(Unicode)

သူ့မျက်လုံးထဲက နူးညံ့မှုတွေကို မှတ်မိပေမယ့် သူ့မျက်၀န်းတွေကို မမှတ်မိဘူး။
သူ့အပြုံးချိုချိုလေးတွေကို မှတ်မိနေပေမယ့် သူ့ရဲ့နှုတ်ခမ်းတစ်စုံကို စဉ်းစားလို့မရဘူး။

တစ်ခုတော့....တစ်ခုတော့ မှတ်မိသည်။
သူ့ရဲ့ သွေးယောင်သန်းနေတဲ့လက်ဖဝါးပြင်က လခြမ်းပုံလေး။

+++++++++++++++++++++++

မြယွန်းနှင့်ရွှေရည်နှစ်ယောက်စလုံး ပထမအသုတ် Pratical လုပ်ရမည့်အထဲတွင်ပါလေသည်။

Pratical အခန်းထဲတွင် စားပွဲရှည်ကြီးနှစ်ခုကို အပြိုင်ခင်းထားသည်။စားပွဲပေါ်တွင်လည်း chemistry ဘာသာရပ်ဆိုင်ရာသင်ထောက်ကူ ပစ္စည်းများနှင့် ပြည့်နေသည်။

မြယွန်း သူ့နေရာရှာကာ ၀င်ထိုင်ရင်း ဘေးကလူကို ကြည့်လိုက်တော့...

"ဟင်...."
ဟိုလူ...နောက်ဆုံးခုံကလူ။
မြယွန်းမျက်နှာလေးက သိသိသာသာ အံ့ဩသွားသည်။

သူက မြယွန်းညိုကို စိုက်ကြည့်ကာ ခေါင်းတစ်ချက်ငြိမ့်ပြတော့ မြယွန်းလည်း သွားလေးဖြဲပြီး ခေါင်းလေးငြိမ့်ပြုံးပြလိုက်သည်။

"ကဲ....လူစုံပြီလား"
ဆရာမနှစ်ယောက် ၀င်လာသည်။

"သင်ထောက်ကူပစ္စည်းတွေ ကျကွဲလို့မရဘူးနော်...ကျကွဲရင် လျော်ရမယ်...."
ကျောင်းသားကျောင်းသူအားလုံး ကိုင်ဖို့ လက်တွန့်သွားကြသည်။

ဆရာမက လက်တွေ့လုပ်ရမည့်အကြောင်းအရာကို စာနှင့်အရင်ရှင်းပြသည်။ထို့နောက်မှ လက်တွေ့လုပ်ပြသည်။ဆရာမလုပ်ပြပြီးတော့ အားလုံး ကိုယ့်ဘာသာ စမ်းသပ်ရသည်။

"သတိထားနော်....လက်ထိမယ်...."
ရဲသူ့လွင်ဆီက ပထမဆုံးကြားလိုက်ရသောအသံ...
ဒီအသံက အတန်းထဲမှာ အနောက်ကနေ၀င်တိုက်သွားသော ကောင်လေးရဲ့အသံ။

မြယွန်းညို စိတ်လွတ်သွားချိန်တွင် အက်စစ်ပျော့အနည်းငယ်က မြယွန်းရဲ့လက်ပေါ်ဖိတ်ကျသွားသည်။

"ဟယ်....."
ပထမဆုံးအကြိမ်လုပ်ဖူးတာဆိုတော့ ဘာလုပ်ရမှန်းမသိ ထိတ်လန့်နေသည်။

"လာ....လာ...."
ရဲသူ့လွင် မြယွန်းညိုရဲ့လက်ကိုဆွဲကာ အခန်းထဲမှ ထွက်သွားသည်။

ဆုံစည်းခွင့်ရခဲ့လျှင်Where stories live. Discover now