အပိုင်း(၄)

43 3 0
                                    

(Unicode)
❤️❤️❤️❤️❤️❤️❤️

မြယွန်းမျက်နှာကို ရေအေးအေးနဲ့ ခပ်ကြမ်းကြမ်းသစ်ပစ်လိုက်သည်။

ဘာလို့ မမှတ်မိရတာလဲ.....
နှစ်ခါရှိပြီ.....သူ့ကိုတွေ့တာ။
နောက်ရက်ရော သူ့ကို ထပ်တွေ့ရဦးမှာလား။
မြယွန်း နှလုံးသားထဲ လိပ်ပြာလေးတို့ တလှပ်လှပ် ဝဲပျံနေတော့သည်.....

+++++++++++++++++++++++

"နောက်ထပ်မက်သေးတာလား....."
ရွှေရည် ဆိုင်ကယ်နောက်ကနေထိုင်ရင်း ရှေ့ကိုခေါင်းကြီးတိုးကာ မြယွန်းကိုမေးလေသည်။

"အင်း....."
မြယွန်း လေးတွဲ့စွာ ဖြေသည်။

"မမှတ်မိဘူး...."

"ဟင်...."
မြယွန်းက ဆိုင်ကယ်မောင်းရင်း တိုးတိုးလေး ရေရွတ်လိုက်တာမို့ ရွှေရည်လွင် မကြားလိုက်ရပေ။

"ငါ မမှတ်မိဘူး....သူ့မျက်နှာကို....."
ဆိုင်ကယ်စတန်းတွင် ရပ်ကာ ဆိုင်ကယ်ဦးထုပ်ကို ချွတ်လိုက်သည်။

"နှစ်ခါရှိပြီ....အခုထိ မမှတ်မိနိုင်ဘူး...."

"နင်စိတ်ဆွဲနေလို့ ထပ်မက်တာနေမှာပါ....ဒီနေ့ည မအိပ်ခင် စာအုပ်ဖြစ်ဖြစ်ဖတ်အိပ်လိုက်....အဲ့အကြောင်းကို မေ့ထားလိုက်။ဒါမှ ထပ်မက်သေးရင် တခုခုတော့ ထူးဆန်းနေပြီ......"
နှစ်ယောက်သား စာသင်ခန်းထဲ၀င်လာကာ အတန်းခုံတွင် ၀င်ထိုင်ကြသည်။

ဆရာ မလာသေး၍ အတန်းထဲတွင် အုပ်စုလိုက် ဟိုစုစု ဒီစုစု စကားပြောသူကပြော၊ဂိမ်းဆော့သူက ဆော့နှင့်.....
မြယွန်းနှင့်ရွှေရည်သာ ငုတ်တုတ်ထိုင်နေကြသည်။

"ဟဲ့....ရွှေရည်...ညာဘက်‌ထောင့်နောက်ဆုံးခုံက တယောက်ကို ကြည့်လိုက်....တန်းမကြည့်နဲ့နော်...ခဏနေမှ မသိမသာကြည့်...."
မြယွန်း ‌တိုးတိုးလေးကပ်ပြောလိုက်သည်။

"အေးပါ...."
"ဟဲ့....နင့် လွယ်အိတ်‌ပေးစမ်းပါဦး ငါ မနက်က ဘောပင်နင့်ထဲ ထည့်လိုက်သလားလို့...."
ရွှေရည် မြယွန်းရဲ့ညာဘက်က အိတ်ကိုလှမ်းယူရင်း နောက်ဆုံးခုံကို မျက်လုံးတချက်ဝေ့ကြည့်လိုက်သည်။

လွယ်အိတ်ထဲ ဟိုရှာဒီရှာလုပ်ပြီးမှ.....
"တွေ့တယ်.... တွေ့တယ်....ဟဲ့ သူက ဘာလို့အဲ့လောက် စိုက်ကြည့်နေရတာလဲ....ငါ ကျောတောင်ချမ်းလာပြီ"
ရွှေရည် မြယွန်းအနားကို ဆတ်ကနဲ တိုးကာ ကပ်ပြောသည်။

ဆုံစည်းခွင့်ရခဲ့လျှင်Onde histórias criam vida. Descubra agora