အပိုင်း(၉)

47 6 0
                                    

(Unicode)

အပိုင်း(၉)

ကောင်ကင်ကြီးက အုံ့မှိုင်းလျက်ရှိသည်။
မိုးသက်လေထဲတွင် လွှင့်ပျံ့နေသော မြေနံ့သင်းသင်းလေးတွေက အမည်မသိသောတစ်စုံတစ်ရာကို လွမ်းဆွတ်မိစေသည်။

ဖြစ်နိုင်လျှင် နေ့ခင်းကို မြန်မြန်ကုန်ဆုံးလိုက်ချင်ပြီ။
ချစ်ရတဲ့သူနှစ်ယောက်ကို အဆင်ပြေပြေပေါင်းဖက်စေချင်သည်။အိမ်မက်ထဲက မိန်းကလေးက မြယွန်းကိုယ်တိုင်ပင်ဖြစ်စေ၊တခြားတစ်ယောက်ပင်ဖြစ်စေ စန္ဒြပျော်ရွှင်တာဘဲ မြင်ချင်မိသည်။

မနက်ခင်းအတန်းချိန်ပြီးတော့ သုံးထပ်ဆောင်ပေါ်မှ အောက်သို့ဆင်းလာခဲ့သည်။

"မြယွန်း...ခဏ"
မြယွန်းနှင့်ရွှေရည်တို့အနောက်သို့လှည့်ကြည့်လိုက်ကြသည်။

"ဘာဖြစ်လို့လဲ ရဲသူ့လွင်"
ရဲသူ့လွင်က လက်ထဲတွင် Assignment စာရွက်များကိုကိုင်ထားသောကြောင့် ပြဿနာတစ်ခုခုများဖြစ်လို့လားလို့ မြယွန်းစိုးရိမ်သွားသည်။

"ငါတို့Assignmentတွက်တာ နည်းနည်းလွှဲနေတယ်။ပြင်ရအောင် ငါနဲ့ခဏလိုက်ခဲ့ပါလား"

"အော် အေး သွားကြမယ်လေ"
"ရွှေရည် နင်လိုက်ခဲ့မှာမို့လား"

"ကြာမှာလား"

"ခဏဘဲ။မကြာဘူး။"
ရဲသူ့လွင်က ၀င်ဖြေလိုက်သည်။

"မကြာရင် နင်တို့သွားနှင့်။ငါ ခဏ၀င်စရာရှိသေးတယ်။ပြီးရင် ဒီနားကဘဲ wifiသုံးရင်းစောင့်နေမယ်လေ "
ရွှေရည်က မြယွန်းရဲ့လက်မောင်းကြိ မသိမသာဆိတ်ပြီး ပြောလိုက်သည်။

"အော်... အော်... အေးပါ အေးပါ ။သွားမယ် ရဲသူ့လွင် "
အရေးအကြောင်းဆိုရင် ကိစ္စထိပ်၀အမြဲရောက်တဲ့သော သူငယ်ချင်းအကြောင်းကို သိနေ၍ မြယွန်းက ရွှေရည်လွင်အား ထားရစ်ကာ ထွက်လာခဲ့သည်။

ရွှေရည်လွင် သန့်စင်ခန်းမှ ထွက်လာတော့ ကောင်းစည်သူနှင့် ဆုံလေသည်။ကောင်စည်သူနှင့်မျက်နှာချင်းမဆိုင်ချင်တာမကောင်စည်သူနှင့်မျက်နှာချင်းမဆိုင်ချင်တာမို့ မမြင်ချင်ယောင်ဆောင်က ပြန်လှည့်ပေမယ့်

ဆုံစည်းခွင့်ရခဲ့လျှင်Tahanan ng mga kuwento. Tumuklas ngayon