အပိုင်း(၃)

47 3 1
                                    

(Unicode)
❤️❤️❤️❤️❤️❤️❤️

မနက်စောစော ကျောင်းမသွားခင် ဆွဲကြိုးလေး၀င်ယူကြသည်။

"ငါပြောစရာရှိသေးတယ်......ဟဲ့.....ဘာတွေ ဒီလောက်ငေးနေတာလဲ....."

"ဟဲ့.....ငါ သူ့ကို‌တွေ့လိုက်တယ်...."
ရွှေရည် မြယွန်းပြောတာကိုပင် မကြားနိုင်ဘဲ လမ်းဘက်ကို မျက်စိတဆုံးလိုက်ကြည့်နေရာမှ မှိုရတဲ့မျက်နှာကြီးနှင့် ပြုံးဖြီးလျက် လှည့်လာသည်

"လာပြန်ပြီ.... နင်ကတော့ မစားရ ဗိုက်ပြည့်"
မြယွန်း နှုတ်ခမ်းလေးရှုံ့ကာ ပြောသည်။

"ဒီအချိန်လိုက်ရင် မှီသေးလားဟင်။လိုက်ရအောင်  လုပ်...."

"ဟဲ့ ငါမသေချင်သေးဘူး။ဟိုက ကားနဲ့....ငါတို့စီးလာတာကဆိုင်ကယ်....လေယာဉ်မဟုတ်ဘူး ကမစုတ်ရဲ့....လာတက်"
မြယွန်း မဲ့ကာရွဲ့ကာပြောရင်း ဆိုင်ကယ်စက်နှိုးလိုက်သည်။

လမ်းတလျောက်လုံးလည်း ရွှေရည်လွင် ပါးစပ်မစိနိုင်ပေ။
"နင့်သွားတွေ သိမ်းထားစမ်းပါဟာ....အအေးပတ်ကုန်တော့မယ်"

"ကောင်မကြီးကလည်း ငါ့တခါတလေလေး ပျော်ရတာကို..."
ရွှေရည် ခိုးခိုးကြည့်နေရသော‌အကိုကြီးမှာ ကျောင်းကို နေ့တိုင်းလာတတ်သူမဟုတ်ပေ။ထို့ကြောင့် ကံကောင်းမှသာ တွေ့ရတတ်သည်။

"ငါပြောဦးမယ်လို့...."
မြယွန်း မကျေမနပ်နဲ့ ‌ထပ်ပြောလိုက်သည်။

"ပြော....ပြော"

"ငါ မနေ့ညက အိမ်မက် မက်တာ....."

"အိမ်မက်များ ဘာထူးဆန်းတာကျလို့"

"ထူးဆန်းတယ်ဟဲ့ ငါ အိမ်မက် မက်ဖူးတာ ဒါ ပထမဆုံးဘဲ..."

"ဟင်....အေး ဟုတ်သားနော် နင်အိမ်မက် အကြောင်းပြောတာ မကြားဖူးသေးဘူး။"

"အေး အဲ့ဒါ......"
မြယွန်း သူ့အိမ်မက်အကြောင်းကို တလမ်းလျောက်လုံးရှင်းပြလာသည်။

"နင်ရဲ့ပထမဆုံး အိမ်မက်ကလည်းဟယ်....ပထမဆုံးအနမ်းပါသွားရတယ်လို့ ....ဒါ နိမိတ်မကောင်းဘူး။နင် ဆွဲကြိုးမ၀တ်ထားတုန်း မက်တာဆိုတော့ နိမိတ်ပြတာဘဲနေမှာ....သေချာပြန်၀တ်ထား....."

ဆုံစည်းခွင့်ရခဲ့လျှင်Donde viven las historias. Descúbrelo ahora