(Unicode)
ငြိမ်သက်စွာအိပ်ပျော်နေရာမှ နိုးလာခဲ့သည်။
ရှည်လျားလှတဲ့မျက်တောင်တစ်စုံကလှုပ်ရှားသွားသည်။
အိမ်မက်....မမက်ဘူး။
+++++++++++++++
မြယွန်း တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။
ဘာလို့လဲ....ဘာဖြစ်လို့လဲ။
ငါဘာတွေလုပ်မိလို့လဲ။
သူဘာလို့ မလာတော့တာလဲ။ဒီဟာက အဆုံးသတ်ဘဲလား။
မဖြစ်နိုင်ပါဘူး။
သူတို့နှစ်ယောက်တွေ့ရဦးမယ်လေ.....
တွေ့ပြီး ပျော်ပျော်ရွှင်ရွှင်ပေါင်းဖက်ရဦးမယ်လေ။
တခုခုတော့လွှဲနေလို့နေမှာပါ။
တခုခုလွှဲနေလို့....လွှဲနေလို့ဘဲ ငါအိမ်မက် မမက်တာပါ။
ဒီနေ့ညတော့....ဒီနေ့ညတော့ သေချာပေါက်မက်မှာပါ။ကိုယ့်ကိုယ်ကို ဖြေသိမ့်ဖို့ကြိုးစားရင် မျက်၀န်းဆီမှ မျက်ရည်များက တပေါက်ပေါက်စီးကျလာသည်။
တကယ်လို့ မမက်ခဲ့ရင်ရော.......
စန္ဒြကို ထပ်မြင်ချင်သေးတယ်။
နှုတ်ဆက်စကားဖြစ်ဖြစ်ပြောချင်သေးတယ်။
သူပျော်ရွှင်စွာနေထိုင်သွားတယ်ဆိုတာကို မြင်ချင်သေးတယ်။မြယွန်း ၀မ်းနည်းစွာဖြင့် ငိုချလိုက်သည်။
ကြောက်တယ်။
ဝေးရမှာကို ကြောက်တယ်။
သူ့ကိုလွမ်းဖို့ အဆင်သင့်မဖြစ်သေးဘူး....."ဒေါက် ဒေါက် ဒေါက်"
"ကမ ထတော့ အတန်းနောက်ကျတော့မယ်"မြယွန်းမျက်ရည်ဆက်လက်နှင့်ပင် ရွှေရည်ကို တံခါးဖွင့်ပေးလိုက်သည်။
"ဟဲ့ ဟဲ့ ဘာဖြစ်တာလဲ ကမရဲ့"
တအီးအီးနှင့်ငိုနေသော သူငယ်ချင်းကြောင့် ရွှေရည်စိုးရိမ်စွာမေးလိုက်သည်။မြယွန်းက မတ်တတ်ရပ်နေရာမှပင် ထိုင်ချလိုက်ပြီး အားရပါးရအော်ငိုတော့သည်။
"ဘာဖြစ်တာလဲ ပြောဦးလေဟယ်။မငိုနဲ့တော့ တိတ်တိတ်"
ရွှေရည်လည်း မြယွန်းဘေးထိုင်ချလိုက်ပြီး ကျောလေးပုတ်ကာ ချော့သည်။"ငါ...အိမ်မက် မမက်တော့ဘူး...ဟင့်..."
"မက်မှာပါဟယ်။နင်စိတ်ဖိအားတွေ အရမ်းများနေလို့လည်း ဖြစ်မှာပါ...မငိုနဲ့တော့နော်"
ČTEŠ
ဆုံစည်းခွင့်ရခဲ့လျှင်
Beletrieအိမ်မက်..... ကိုယ့်အတွက်တော့ အိပ်မက်ဆိုတာ သူနဲ့ကျွန်မရဲ့ကြားက ကြိုးတံတားလေးတစ်ခုပါဘဲ။ ယိုင်နဲ့နဲ့နှင့်ပေါ့..... လေကြမ်းများ ခပ်ပြင်းပြင်းတိုက်လိုက်ရင် ယိမ်းထိုးလှုပ်ခါသွားတတ်တယ်။အခန့်မသင့်ရင်လည်း တံတားအောက်က မည်းမှောင်နေတဲ့ခြောက်နက်ကြီးထဲကို ကျသွားန...