အပိုင်း(၂)

57 3 0
                                    

(Unicode)

"မြယွန်း....ဟဲ့ ဘာဖြစ်တာလဲ....."
ရွှေရည် သူ့သူငယ်ချင်းကို မြင်ပြီး အထိတ်တလန့်ဖြစ်သွားသည်။

"မြယွန်း....."
အိုးကို ထိထားသော မြယွန်းရဲ့လက်ကို ဆွဲယူလိုက်ပြီး
မြယွန်းကို ဆွဲလှည့်လိုက်သည်။

"ဘာဖြစ်တာလဲ....."
ရွှေရည်ထပ်မေးလိုက်မှ မြယွန်းအသိစိတ်တို့ပြန်၀င်လာခဲ့သည်။

"ငါ.....ငါ ဘာဖြစ်သွားမှန်းမသိဘူး။ဘာလို့၀မ်းနည်းသွားမှန်းမသိဘူး...."
မြယွန်းအသံတို့က တုန်နေပြီး မျက်၀န်းထဲတွင် မျက်ရည်တို့က ဝဲတက်စဲ။

"လာ....လာ...အပြင်ထွက်ရအောင်။ဒီနေရာက လေကောင်းလေသန့်မရလို့လဲပါတယ်"
ရွှေရည် ပြတိုက်ကို တချက်ဝေ့ကာ ကြည့်လိုက်သည်။

ပြတိုက်က ပြတင်းပေါက်တစ်ချပ်သာ ဖွင့်ထားသောကြောင့် အလင်းသိပ်မ၀င်ဝေ။စိုထိုင်းထိုင်း၊စိမ့်အေး
အေး၊စိမ်းရွှင်ရွှင် အနံ့တစ်မျိုးကရနေသေးသည်။

ရွှေရည် မြယွန်းလက်ကိုဆွဲကာ အပြင်ထွက်ခါနီးတွင်

"မြယွန်း......"
ယောကျာ်းတစ်ယောက်ရဲ့အသံ။
အဝေးတစ်နေရာကနေ မွမ်းကျပ်စွာခေါ်သောအသံ....
အသံက တည်ငြိမ်ပြီး ကြားရသူရဲ့စိတ်ကိုလွှမ်းမိုးနိုင်သည့်အသံမျိုး....

မြယွန်းအနောက်ကို တစ်ချက်လှည့်ကြည့်လိုက်သည်။
ဘယ်သူ့ကိုမှ မတွေ့တာမို့ ဒီအတိုင်းထွက်လာခဲ့လိုက်သည်။

အပြန်လမ်းတလျှောက်လုံးလည်း မြယွန်းရဲ့စိတ်တို့နောက်ကျိနေသည်။
"တအားကြီး တွေးမနေပါနဲ့ဟယ်။ပတ်၀န်းကျင်ကိုဘဲ အာရုံစိုက်လိုက်....ကြည့်ဦး ငှက်ပျောပင်တွေကို သန်လိုက်တာ၊ရေကောင်းပုံရတယ် ဒီဒေသက"
ကားပေါ်ကနေ မြင်ရသော ငှက်ပျောခြံကြီးတွေကို လှမ်းပြလိုက်သည်။

+++++++++++++++++++++
ညနေစောင်း အဆောင်ပြန်ရောက်တော့ အဆောင်ပိတ်ခါနီးနေလေပြီ။
ရောက်ရောက်ချင်း လမ်းကတစ်ခါတည်း၀ယ်လာခဲ့သော ညနေစာကို စားကာ ခဏနား၊ကိုယ်လက်သန့်စင်ပြီး အိပ်ရာ၀င်တော့သည်။တစ်နေကုန် ကားပေါ်ထိုင်ခဲ့ရသည့်အပြင် ကားလမ်းကလည်း ကြမ်းလွန်းတာမို့ လူကို ကိုင်ရိုက်ထားသလို ဖြစ်နေသည်။

ဆုံစည်းခွင့်ရခဲ့လျှင်Where stories live. Discover now