အပိုင်း(၇)

37 1 0
                                    

(Unicode)
❤️❤️❤️❤️❤️❤️❤️❤️

"သိပ်ချစ်တယ်....မြယွန်းရယ်"

မြယွန်း သူ့ရင်ခွင်ထဲ တိုး၀င်လိုက်သည်။

အိပ်ယာက‌နှိုးတော့ မြယွန်းကြည်နူးရသည်။
ဒီပျော်ရွှင်ခြင်းတွေ ရပ်တန့်မသွားပါစေနှင့် ......
မြယွန်း လေးငါးမျက်နှာ‌‌သာရေးရသေးသော စာအုပ်ကို ဖွင့်ကာ မနေ့ညက အိမ်မက်တွေကို ရေးမှတ်လိုက်သည်။

သူ့ကို မေ့သွားမှာစိုးသည်။
သူနှင့်ပတ်သက်တဲ့အရာရာကို မှတ်မိနေချင်သည်။
သူ့ရဲ့ အေးစက်စက်နှုတ်ခမ်းတွေ.....
သူ့ရဲ့ ညို့အားကောင်းလွန်းတဲ့ မျက်၀န်းတွေ.....
ပြီးတော့ သူ့ရဲ့ မြတ်နိုးမှုတွေ .....
အားလုံးကို မှတ်မိနေချင်သည်။

+++++++++++++++++++

"ဘယ်လို....."
မနက်စာစားရင်း အလန့်တကြား အော်လိုက်တဲ့ မြယွန်းညိုရဲ့အသံကြောင့် ဘေးနားဝိုင်းက လူတွေပင် လှည့်ကြည့်ကြသည်။

"ဟဲ့ တိုးတိုးပြောစမ်းပါ...နင့်အသံကြီးကလည်း..."
ရွှေရည်လွင် သူ့သူငယ်ချင်းကို ထိန်းရသည်။

"ဟဲ့....ဘယ်လိုဖြစ်တာလဲ....ရယ်ရခက် ငိုရခက်....ကောင်းစည်သူက ဘယ်လိုလုပ်ပြီး နင့်ကို အဖြေတောင်းတာလဲ....ဒါမျိုးကျ ငါ့ကို အခုမှ ပြောတယ်..."

"ဟဲ့ မနေ့ညကတည်းက ပြောမလို့ နင့်အခန်းလာသေးတယ်....နင်က နင့်လူပျိုနဲ့တွေ့ဖို့ အစောကြီးအိပ်သွားတာဟဲ့... "

"လုပ်စမ်းပါ....ပြောစရာရှိတာသာ ပြော"
မြယွန်း မုန့်တီစားနေတဲ့တူကိုပင် ပြန်ချထားလိုက်သည်။

"ငါလည်း မသိပါဘူးဟာ....သူက ရုတ်တရက်ကြီး ပြောချလိုက်တာ...ငါ့မှာ ရင်တုန်ပမ်းတုန်ကို ဖြစ်သွားတာဘဲ...."
ရွှေရည်လွင် မျက်နှာလေးရှုံ့တွနေသည်။

"ငါတော့ သူ့ကို သဘောမကျဘူး...."
မြယွန်းညိုကလည်း သူငယ်ချင်းနှင့်ထပ်တူ ရှုံ့တွလျက်။
မသိရင် ကောင်းစည်သူကဘဲ သူ့ကိုဖွင့်ပြောတာလိုလို....

ပြောချင်တာပြောပြီးမှ ဘေးဘီကို တချက်ဝေ့ကြည့်ရသေးသည်။ဟိုတနေ့က အတင်းတုတ်တာ လူမိခဲ့ပြီးပြီ မဟုတ်လား။

ဆုံစည်းခွင့်ရခဲ့လျှင်Where stories live. Discover now