အပိုင်း(၁)

89 4 1
                                    

(Unicode)

ကျွန်မနာမည် မြယွန်းညို....

ကျောင်းရဲ့အချောအလှစာရင်းထဲမှာ ကျွန်မ မပါဘူး။
သူငယ်ချင်းတွေကြား လူချစ်လူခင်များတဲ့အထဲမှာလည်း ကျွန်မ မပါပြန်ဘူး။
ကျွန်မမှာ အခင်ဆုံးသူငယ်ချင်းတစ်ယောက်ဘဲရှိတယ်။
သူက ကျောင်းမလာတဲ့နေ့တွေဆိုရင် ကျွန်မက အတန်းထဲမှာ တစ်ယောက်တည်းဘဲ။

မုန့်ဈေးတန်းသွားရအောင်လို့ ခေါ်မယ့်သူမရှိဘူး....
ကျောင်းဆင်းရင်တူတူပြန်ချင်တဲ့သူမရှိဘူး....
အဆင်ပြေလားလို့ မေးမယ့်သူမရှိဘူး......
ဒါပေမယ့်....ကျွန်မအတွက်တော့ ဒါတွေက ပုံမှန်ပါဘဲ။

ပုံမှန်ကျောင်းသွားတယ်၊ကျောင်းပြန်တယ်။
စားချိန်တန်စား၊အိပ်ချိန်တန်အိပ်....
ဘ၀ကြီးက ကျွန်မအတွက် ရိုးရှင်းလွန်းလှပါတယ်။
အချိန်တစ်ခုအထိပေါ့။

အခုတလော ကျွန်မစိတ်တွေ ကစဉ့်ကလားဖြစ်လာတယ်။
အမြဲလိုလို အကြောင်းမဲ့ငိုချင်နေမိတယ်။
တခါတလေ တစ်ယောက်တည်း ရယ်ချင်ရယ်နေမိတယ်။
တခါတလေ ဒေါသတွေတအားထွက်ပြီး ပေါက်ကွဲနေမိတယ်။
တခါတလေ အဆင်ပြေလားလို့ မေးမယ့်သူရှိရင် ကောင်းမှာဘဲလို့ တွေးမိတယ်။
တခ်တလေကျတော့လည်း ဘယ်သူနဲ့မှ စကားမပြောချင်တော့ပြန်ဘူး။

မနက်ဖြန်ဆိုရင် ကျွန်မတို့ကျောင်းက ပထမနှစ်ကျောင်းသားကျောင်းသူတွေစုပေါင်းပြီး အပျော်ခရီးသွားရမယ်။ကျွန်မ မလိုက်ချင်ပေမယ့် သူငယ်ချင်းက စိတ်ပြေလက်ပျောက်ဖြစ်အောင်ဆိုပြီး လိုက်ခဲ့ဖို့ ခေါ်တာကြောင့်
ပထမဆုံးအကြိမ် သူငယ်ချင်းတွေနဲ့ခရီးထွက်ဖို့ ဖြစ်လာခဲ့တယ်။

+++++++++++++++++++++++

"ဟဲ့....ကမ နင် မနက်ဖြန်အတွက် အကုန်ထည့်ပြီးပြီလား..."

"အင်း...ပြီးပြီ"
မြယွန်းညိုရဲ့ မျက်နှာက မလန်းဆန်းပေ။

"ပျော်ပျော်ရွှင်ရွှင်နေစမ်းပါဟာ....ဘာမှစိတ်ပူမနေနဲ့။ဒါမျိုးက ခရီးထွက်လိုက်ရင်လည်း စိတ်ပြေပျောက်သွားတတ်တယ် ....ရေဘူး၊အင်္ကျီအပို၊ဦးထုပ်...အစုံထည့်ခဲ့နော်..."

"စိတ်ချ....စိတ်ချ"
မြယွန်း နွမ်းလျတဲ့အပြုံးလေးကို အားတင်းကာ ဆင်မြန်းလိုက်သည်။

ဆုံစည်းခွင့်ရခဲ့လျှင်Where stories live. Discover now