part 1

8.5K 100 12
                                    

ဒေါက် ဒေါက် ဒေါက်

"ကိုကိုကြီးရှင့်.... မနက် ၉နာရီ ထိုးပါပြီ... "

အခန်းတံခါးခေါက်သံကို ကြားပေမဲ့ လူက မနိုးထချင်ပါ။
ညတုန်းကလဲ .... ညတုန်းက

အလျင်အမြန်ကုန်းရုန်းထကာ မိမိကိုယ်ကိုပြန်စမ်းမိသည်။ အမလေး တော်သေးရဲ့. ..

မနေ့ညက စက်ဘီးလေးနင်းကာ သူငယ်ချင်း ထက်ထက်ခင် အိမ်မှ အပြန် ကားတစ်စီးနှင့်တိုက်မလို ဖြစ်ခဲ့ပေမဲ့ လန့်ကာ သတိလစ်သွားယုံသာဖြစ်ခဲ့သည်ထင်သည်။ မိမိကိုယ်ကို ပြန်စစ်ဆေးကြည့်တော့လဲ ဘာနာကျင်မှုမှ မခံစားရ။
ဒါနဲ့ ဗိုက်တော်တော်ပူနေသလားလို့။

ဒေါက် ဒေါက်

"ကိုကိုကြီးရှင့်... .နောက်ကျပါတော့မယ်နော်..."

ဘယ်သူလဲဟ။ ဘယ်သူ့ကို ဒီလောက်ခေါ်နေတာလဲ ။
သူမလဲ မူးတူးမူးတူးနဲ့ တံခါးထဖွင့်ပေးလိုက်ရင်း

"ဒီက အမ...ဒီမှာ ကိုကိုကြီး မရှိဘူးရှင့်
အခန်းမှားနေပြီ... "

ဩ ငါ့ခမျာ လန့်လွန်းလို့ အသံတောင် ကွဲကုန်ပြီ။

မျက်စိရှေ့လူကို ပြူးကြောင်ကာ ငေးကြည့်နေသော ထိုအမိကို အသာပြုံးပြကာ တံခါးပြန်ပိတ်လိုက်ရင်း စိတ်ညစ်ညူးတာတွေကို ရှင်းထုတ်ရန် ရေချိုးခန်းဆီလျှောက်သွားလိုက်သည်။

Wait ...

မသင်္ကာစွာ အခန်းကို သေချာဖြန့်ကြည့်လိုက်တော့ ဒါ ဒါက သူမအခန်းမဟုတ်။ သူမအခန်းက Blackpink style ပန်းရောင်နှင့် အနက်ရောင်ကို ရောကာ Blackpink posterများနှင့် ပေါ့ပေါ့ပါးပါး ခြယ်သထားသည်။ ယခုအခန်းမူ king size စပရိန်မွေ့ယာထူထူနှင့် အိပ်ယာ၊ အိပ်ယာဘေးနားမှာ မီးခံသေတ္တာကြီး အပြင် အခန်းအပြင်အဆင်က တည်ငြိမ်လှသည့် အဖြူရောင်ကြွေပြားအပြည့်ဖြင့် ဆင်ထားသည်။သူမကိုယ်သူမပြန်ကြည့်မိတော့လဲ အဝတ်အစားက သူမဟာမဟုတ်ပေ။ ပူနေတဲ့ဗိုက်ရောပဲ။
ပြီးတော့ ပြီးတော့ အောက်မှာ

မှန်... မှန် ဘယ်မှာလဲ၊...

အခန်းထဲမှာ မှန်မရှိချေ။ ဘေးတံခါးတစ်ခု ဖွင့်လိုက်တော့ ဝရန်ဒါ။ သူမမျက်လုံးများနှင့် စိမ်းသက်နေသော နေရာဒေသတစ်ခု။ အလောတကြီးနိုင်စွာ အခြားအခန်းငယ်တွေဖငွ့်ကြည့်တော့ အိမ်သာနဲ့ရေချိုးခန်း၊ ရေချိုးခန်းထဲမှာ ကိုယ်လုံးပေါ်မှန်တစ်ချက်ကို
တွေ့သဖြင့် မှန်ရှေ့ သွားကာ ကြည့်လိုက်သည်။

အားးးးးးးးး

အမေရေ....သမီးတော့ သွားပြီ.. .သွားပြီ အမေရဲ့

သမီးနောက်ခါ wattpad ဆိုတာကြီးကို မဖတ်တော့ဘူး...
ကူးပြောင်းခြင်းဆိုတဲ့ဟာတွေအကုန် မီးရှို့ပစ်မယ်...

မှန်ကြည့်ပြီးနောက် ရှိသမျှ စိတ်ဓာတ်တွေ ဟိုးအဝီဇိအောက်ထိုးကျကုန်တော့သည်။

ဘာလို့လဲ... ဘာလို့ငါမှ ဒီလိုပုံကြီးဖြစ်ရတာလဲ

မှန်ထဲမှာ စိတ်ဓာတ်ကျနေသည့် အသက် 40ကျော် အသားဖြူဖြူ ဗိုက်ပူပူနဲ့ လည်ကုပ်အဆီထပ်နေသော ဝက်သိုးကြီးတစ်ကောင်အား တွေ့လိုက်ရသည့် သူမခမျာ
ငိုချချင်မိသော်လည်း မှန်ထဲက လူအား ပြန်ကြည့်မိသောအခါ
ပုံမှန်ရုပ်တောင် ဒီလောက်ကြည့်ရဆိုးတာ ငိုလဲ လှမှာမဟုတ်လို့ ငိုမနေတော့ပါဘူးလေ အဟင့်။

သူများတွေကျ ပိုချောလှတဲ့သူတွေဆီ ကူးရတာလေ
ငါ့ကျမှ ဒီသေခါနီးတဲ့လား :'(

ဒေါက် ဒေါက်

"ကိုမာန်ထက်. ..အိပ်နေတုန်းလား. ..အလုပ်ချိန်နီးပြီလေ..."

ဖြစ်ချင်တာတွေဖြစ်ပါစေတော့... ဒီလူထဲတော့ ငါမဝင်နိုင်ဘူးကွာ...ငါ့အိမ် ငါပြန်ရမယ်... သူတို့ကို နားလည်အောင်ပြောပြပြီး ထွက်သွားမယ်

စိတ်ပြန်တင်းကာ အခန်းတံခါးဖွင့်ရန် ထလာခဲ့လိုက်သည်။

ဒေါက် ဒေါက်

"ကိုမာန်ထက်ေ. ..ရ"

ကျွီ

တံခါးဖွင့်ကာ အပြင်ထွက်လိုက်ရင်း ခေါင်းငုံ့ကာ

"ဟိုဟာလေ.. .တစ်ခုလောက် ဆွေးနွေးလို့ရမလားမသိဘူး..."

"ကျွန်မနဲ့လား..."

"ဟုတ် အထဲခဏဝင်ပေးလို့ရမလားဟင်..."

ဒေါ်သူဇာနွယ် ပုံမှန်မဟုတ်သော သူမယောင်္ကျားကိုကြည့်ရင်း

"ရှင့် အခန်းထဲ ကျွန်မမဝင်ချင်ဘူး. ..ပြောစရာရှိရင် ဧည့်ခန်းမှာစောင့်နေမယ်...ကျွန်မသွားပြီ..."

"ခဏလေး... ခဏ ...."

ပြောပြောဆိုဆိုလှည့်ထွက် သွားသော ထိုအမလက်ကို လှမ်းဆွဲလိုက်တော့ ခေါင်းထဲ မှာ မဲသွားကာ အမှောင်ကျသွားတော့သည်။ ဘာဖြစ်ပြန်ပြီလဲ ငါလို့မရယ်။



ခပ်မိုက်မိုက်ချစ်ကြစို့Where stories live. Discover now