"ငါ့ကို မတိုင်ပင်ပဲ လုပ်စရာလားဟယ်....
အဲ့လောက်လွယ်နေမှတော့ နင် သူ့ကိုယ်ထဲကို ဝင်စရာတောင်လိုမှာ မဟုတ်ဘူး "ထက်လွင်စကားကြောင့် မာန်ထက်သူခမျာ သောက်လက်စ Bubble Tea ပင် နင်သွားသည်။ သူကရော ဒီလိုဖြစ်မှန်းသာ သိရင် လုပ်ပါ့မလား။ သူငယ်ချင်းမကို မျက်စောင်းပစ်ကျွေးရင်း လေသံပျော့ပျော့ဖြင့်
"ငါက မသိလို့ပါဟယ်... နင်ကလဲ ..."
ဆေးရုံရှိ နှောင်းမူလွင် ခန္ဓာကိုယ်အား Checking ပြီး အပြန် နှစ်ယောက်သား Bubble Tea ဆိုင်ဝင်ကာ အမောဖြေနေကြခြင်းဖြစ်သည်။
"ဒါမျိုးက သေချာ Plan ချပြီး လုပ်ပေးရတာမျိုး
ပြန်ချင်ဇောအားနဲ့ လုပ်ချင်ရာလုပ်မရလောက်ဘူး.... အင်းးး..."သံရှည်ဆွဲကာ စဥ်းစားခန်းဝင်နေသော ထက်လွင်ကို လျစ်လျုရှုကာ ဆိုင်အပြင်သို့ ငေးနေလိုက်သည်။ ထိုစဥ်မှာပင် ဆိုင်မျက်စောင်းထိုးလောက်က ကားပေါ်မှ သူဇာနွယ်ဆင်းလာသည်ကို တွေ့လိုက်ရသည်။
မြန်မာဝမ်းဆက်လေးက သွယ်လျသော ကိုယ်လုံးလေးပေါ်မှာ ချပ်ချပ်ရပ်ရပ်ဖြင့် တင့်တယ်သည်။
အေရှ့ဆံနွယ်များအား ကပိုကယိုလေးချကာ ဆံထုံးထုံးထားပြီး ဆံထိုးတစ်ချောင်းဖြင့် ဆံနွယ်အလှကို ထိန်းထားပုံက ရှိရင်းအသက်ထက် အိုအောင်ပြင်ထားသော်လည်း သူမနှင့် ပို၍ လိုက်ဖက်နေသည်။ ကားပေါ်ကဆင်းပြီး ဘေးဘီဝဲယာ ဝေ့ဝဲကြည့်တော့ သူ့ကို မမြင်မှာစိုးသည့်အလား မာန်ထက်သူ လက်ဝှေ့ရမ်းပြမိသည်။"ဟဲ့ ဟဲ့ နင့်ကို နင်ဆယ်ကျော်သက်ထင်နေတာလား
သတိလေး ထားအုံး...."ထက်လွင်မ ဟောက်တော့ သူ ရှက်မိသွားပေမဲ့
သူဇာနွယ်ကဖြင့် သူတို့ဆီ ဆင်မယဥ်သာ ခြေလှမ်း လှမ်းကာ လျောက်လာပေပြီ။သူဇာ့ အသိတစ်ယောက်ဆေးရုံတက်ရသဖြင့် လက်ဆောင် လာဝယ်ချိန်တိုက်ဆိုင်စွာဖြင့် ကိုမာန်တို့နှင့်ဆုံရခြင်းပါ။ ကိုမာန့်ဘေးက အသက်၂၂နှစ်အရွယ်ကောင်မလေးကို ကြည့်ရင်း ဘာမှတော့မပြောမိ။
" လာထိုင် သူဇာ ... ထက်လွင် ဒါက သူဇာနွယ်တဲ့ ကိုမာန်ရဲ့ အမျိုးသမီးလေ... သူဇာ သူက ထင်ထက်လွင် ကိုမာန့်သူငယ်ချင်း .."
YOU ARE READING
ခပ်မိုက်မိုက်ချစ်ကြစို့
Fantasy21 နှစ်အရွယ် lesbian နှောင်းမူလွင် ဟာ အချိန်ကာလကူးပြောင်းပြီး အိမ်ထောင်ရှင် အသက်40ကျော် ဝဝတုတ်တုတ်ယောက်ကျားတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ ကူးပြောင်းခံခဲ့ရပါတယ်။