part 6

977 56 2
                                    


မာန်ထက်သူ အိမ်ပြန်ရောက်တော့ ည ၇နာရီ။
တစ်အိမ်လုံးတိတ်ဆိတ်မြဲ။ အမှန်ပြောရရင် နှေင်းမူလွင် ဘဝမှာ မိဘမဲ့ဖြစ်ပြီး တိုက်ခန်းမှာနေပေမဲ့ သူမက အမြဲလတ်ဆတ် လန်းဆန်းစွာနေသည်။ တစ်ယောက်ထဲ ခရီးထွက်ချင်ထွက်မည်။ Game တိုက်မည်။ club တက်ပြီး ကောင်မလေးများကို နှိုက်မြည်းမည်။ပျင်းရင် ထက်လွင်ကို အနိုင်ကျင့်မည်။ မိဘချန်ခဲ့သောပိုင်ဆိုင်မှုများကို ထုခွဲပြီး ဘဏ်အပ်ကာ ဘဏ်တိုးငွေနှင့်သာ သုံးတာမို့ ပိုက်ဆံတွက်လဲပူစရာမလိုသောဘဝမို့ အပူပင်ကင်းကာ လွတ်လပ်သည်။

ယခုဘဝလည်း မိမိဘဝကို မိမိဘာသာသဘောကြိုက်ပေးထားသည်ဆိုတာထက် လုံးလုံးဂရုမစိုက်သည့်ဘက်ပိုရောက်နေသည်မို့ တစ်ခါတလေတော့လဲ သူများအိမ်မို့ အနေကျဥ်းကြပ်တာတစ်မျိုး၊ မာန်ထက်သူ မိသားစု ရိပ်မိသွားမှာ စိုးတာတစ်မျိုးကြောင့် စိတ်ညစ်ရသည်။

"မယ်လွင်ရေ... တစ်အိမ်လုံးဘယ်ရောက်နေကြတာလဲ..."

"ရှင် ကိုကိုကြီး...မမကြီးက ကိစ္စရှိလို့တဲ့ .. အပြင်ခဏသွားတယ်..."

"အာ့ဆို ဟိုနှစ်ယောက်ရော ပြန်မလာသေးတာလား..."

"မမမိုးက ရောက်ပြီ... မလေးငယ်က မရောက်သေးဘူး...ကိုကိုကြီး ထမင်းစားတော့မလား..."

"အေအေ ... ပြင်ထားလိုက်... ငါ ရေချိုးလိုက်အုံးမယ်..."

အ ခန်းထဲရောက်တော့ မိမိကိုယ်ကို ပြန်သုံးသပ်မိသည်။ သူမ ဘယ်လောက်ပဲ အတံပေါက်ချင်နေပါစေ။ ဒီလိုအဖြစ်မျိုးနဲ့တော့ မဟုတ်။
ပြီးတော့ သူမ ဒီအိမ်ရောက်တာ တစ်ပတ်ခန့်ရှိပြီ။
သမီးအကြီးမကို ၂ခါလားပဲ ဖျတ်ခနဲတွေ့လိုက်ရသည်။ အငယ်မက အိမ်တောင်ပြန်အိပ်ရဲ့လား မသိ။

ဒီလိုမိသားစုကို ဘယ်လို ညှိပေးရမှန်း ခုထိအဖြေမရနိုင်သေးပါ။ ဟင်းးး ထမင်းစားပြီး အိပ်တာပဲကောင်းတယ်။

ခဏနေပါအုံး...

ထမင်းစားဝိုင်းကနေ လူစုံလို့ရတာပဲလေ။ ထမင်းလက်ဆုံတူတူစား စကားတွေဖလှယ်၊ နွေးထွေးတဲ့ မိသားစုအဖြစ်ကို မသိမသာလေးနဲ့ရ ။
အံမယ် တော်လိုက်တဲ့ငါလေး ။ အကြံရပြီးနောက်
နပြာကြီးရီသလို တဟီးဟီးရီရင်း ရေအမြန်ချိုးလိုက်သည်။

ခပ်မိုက်မိုက်ချစ်ကြစို့Where stories live. Discover now