part 4

1.1K 49 1
                                    

Part 4

ကလင် ကလင် ကလင်

"ဟယ်လို... အမိန့်ရှိပါ..."

"အခုပြောနေတာ မထက် ထက်လွင်လား..."

"ဟုတ်ပါတယ် ဘယ်သူပါလဲ..."

အလုပ်သွားရန်ပြင်ဆင်နေသော ထက်လွင်တစ်ယောက်
ဖုန်းစပီကာဖွင့်ကာ လိုအပ်သော ပစ္စည်းမျာကို သေချာထည်သ့ည်...

"ငါပါ...နှောင်းမူလွင်ပါ..."

ယောင်္ကျားသံဖြင့် သူမသူငယ်ချင်းဟုပြောနေသော ဖုန်းထဲကလူကြောင့် ဇဝေဇဝါဖြင့် ဖုန်းကိုကြည့်ကာ...

"အဲ့ဖက်က ဘယ်သူမှန်းမသိပေမဲ့ ကျွန်မသူငယ်ချင်းနာမည်နဲ့ လာမနောက်ပါနဲ့..."

ဖုန်းသရဲ ဖြစ်မည်။ ဖုန်းချရန်လက်လှမ်းယူစဉ်

"ငါ မလိမ်ပါဘူးဟာ...နင့်သူငယ်ချင်း ငနှောင်းမပါ....
နင်နဲ့တူတူ ဘူးနေကျ ငနှောင်းမပါ...စာခိုးကူးနေကျ၊ ငတ်ကြီးအမြဲကျနေတတ်တဲ့ နင့်သူငယ်ချင်း ငါပါဟာ...အဟင့် ....ရွတ် ..."

ထက်လွင်ဘက်က တိတ်ဆိတ်သွားသည်...
မာန်ထက်သူခမျာမှာတော့ သူငယ်ချင်းအသံကြားလိုက်ရ၍ ငိုချင်ရက်လက်တို့ ပင်။  ရှိုက်ကြီးတငင် ငိုချမိတော့သည်။

"ဒါ... ဒါပေမဲ့... နှောင်းမူက..."

"ငါလဲ ဘယ်လိုဖြစ်မှန်းမသိဘူး...နိုးလာတော့ ဒီကိုရောက်တေယ်...ငါလဲ ငါမဟုတ်တော့ဘူး..အရမ်းစိတ်ညစ်တယ်ဟာ...
ငါတို့အပြင်မှာတွေ့ရအောင် ထက်လွင်... "

"အိုကေလေ... ကျွန်မသူငယ်ချင်းဆို ကျောင်းတက်တုန်းက ကျွန်မတို့တွေ့နေကျ ဆိုင်နေရာကို နက်ဖန် 9နာရီ လာခဲ့ပါ...အဲ့မှာစောင့်နေမယ်..."

/////////////////////////////////

ထက်လွင်စောင့်နေတာ နာရီဝက်လောက်ရှိပေမဲ့ မည်သူကိုမျှမတွေ့ရသေး။ ဒီဆိုင်က နှောင်းမူနှင့်ထက်လွင် ကျောင်းတက်စဉ်က အမြဲထိုင်နေကျဆို င်။ အမြဲထိုင်နေကျ ခုံမှာထိုင်ကာ စောင့်နေခြင်းဖြစ်သည်။

ထိုစဉ် ကားတစ်စီး ဆိုင်ရှေ့ရပ်လိုက်သဖြင့် မျော်ကြည့်ရပြန်သည်။ နောက်နာရီဝက်နေလို့မှ ထိုလူရောက်မလာခဲ့ပါလျင် သူမပြန်တော့မည်။ ဆင်းလာသူမှာ အသက်50ခန့်ရှိသော အမျိုးသားတစ်ဦးပင်။ လူချမ်းသာတို့၏ဂုဏ်အတိုင်း အဆီရစ်ရစ်နှင့်။

ခပ်မိုက်မိုက်ချစ်ကြစို့Where stories live. Discover now