part 3

1.8K 63 4
                                    

" မာမီ...ဒယ်ဒီ ဘာဖြစ်တာလဲ.."

သမီးကြီး မူယာမိုး အမေးကို ဒေါ်သူဇာနွယ် သက်ပြင်းအသာချရင်း

"ဒီကာလအပူချိန်နဲ့ သွေးတိုးချင်သလိုဖြစ်နေတာတဲ့ ..."

"ဖြစ်ပါစေပေါ့...ဒီလောက်မောဟတွေဖုံးနေတာကို... "

ကြိုးတစ်လုံးဖဲသား အင်္ကျီကို အပေါ် ဂျက်ကပ်အမဲနှင့်ပေါင်ရင်နားရောက်လုလု ဘောင်းဘီဝတ်ထားပြီး တစ်ကိုယ်လုံးချိန်းကြိုးများနှင့် ရှုပ်ရှပ်ခတ်နေသော မေမဒီ။

"သမီးငယ်...တကိုယ်လုံးရှုပ်ရှပ်ခပ်နေတာပဲ...သွားပြန်လဲစမ်း..."

"အာ...မာမီကလဲ...ဒီခေတ်လူငယ်စတိုင်ကိုမသိပဲနဲ့ဗျာ..."

"ဟဲ့...ငါ အဲ့လောက်မအိုသေးဘူး... အပြင်သွားတာများဟယ်...တော်တော်တန်တန်ဆိုရပြီပေါ့...အခုကြည့် မျက်စိရှုပ်လိုက်တာ..."

"မကြည့်နဲ့တော့... သွားပြီဗျို့..."

ပြောပြောဆိုဆိုလှစ်ခနဲ ပြေးထွက်သွားသော သမီးငယ်ကိုကြည့်ကာ
သက်ပြင်းသာ ချမိတော့သည်။ သူမပဲ ဆိုဆုံးမမှုနည်းခဲ့တာကြောင့်လားမသိ။ မိမိကလေးတွေက အမေဖြစ်ယုံသာ သတ်မှတ်ကြသည်။ အဘိုးအဘွားအိမ်မှာကြီးပြင်းခဲ့တာကြောင့်များလား။

"ကဲပါ..မာမီရယ်...သူ့အတွက် စိတ်ပူမနေပါနဲ့... သူလဲ မငယ်တော့ပါဘူး...သမီးလဲ အလုပ်ချိန်နီးလို့ သွားပြီနော်...
ညစာကတော့ ထုံးစံအတိုင်းပဲ....အဘွားအိမ်မှာပဲ စားလိုက်တော့မယ်..."

မိသားစုလေးယောက်ရှိတာ တစ်ခါမှ လက်ဆုံစားရသည်မရှိ။
အေးလေ။ သူများမိသားစုနဲ့မှ မတူတာပဲ။

အဟင်းး

ဒေါ်သူဇာနွယ် မချိပြုံးမိသည်။

အမေတို့ပြောတဲ့ အေးချမ်းတဲ့ အိမ်ထောင်၊ သာယာတဲ့ဘဝက ဒါများလား မေးချင်မိသည်။ ယခု သူမအသက် ၃၇ နှစ်။ သို့သော် မြင်သူတိုင်းက 20ကျော်လောက်သာ ထင်သည်အထိ နုပျိုလှပပေသည်။

လူငယ်ဘဝဆိုတာ လွတ်လပ်သောအရသာ ဆိုတာ ဘာမှန်းမသိသေးခင် လူကြီးတွရဲ့ စေ့စပ်မှုဖြင့် မိမိထက် 12 နှစ်ကြီးသော ကိုမာန်ထက်သူနှင့် လက်ထပ်ခဲ့ရသည်။ထိုစဉ်က သူမ  ၁၆နှစ်။

ခပ်မိုက်မိုက်ချစ်ကြစို့Where stories live. Discover now