part 2

3.6K 62 1
                                    

သူမ အာကာသလိုနေရာမျိုးမှာ မျောလွင့်နေသည်။
နတ်ပြည်သွားတဲ့ လမ်းများလား။
စိတ်ရှိလက်ရှိမျောလွင့်လှည့်ပတ်သွားနေပေမဲ့ အစမမြင် အဆုံးမတွေ့။ဟိုးဝေးဝေးက လူတစ်ယောက်ကိုမြင်တော့ ကူးခတ်သွားလိုက်သည်။

ဟင်

ဟိုလူဝကြီးပဲဟ :-(

သူမ ထိုလူကြီးနားရောက်တော့

"ဟေလူ့.. ခင်ဗျားကိုယ်မှာ ကျုပ်မနေနိုင်ဘူး...
ကို့ဟာကိုယ်ပြန်ဝင်နေ... "

ပြောပြီး ဆန့်ကျင်ဘက်အရပ်ကို ထွက်လာခဲ့လိုက်သည်။

သူမ ခပ်ဝေးဝေးမှ မသိမသာ ပြန်ခိုးကြည့်မိတော့ အဲ့နေရာမှာပဲ ငူငူကြီးရပ်နေပြန်သည်။
သူမ စိတ်မရှည်စွာ ပြန်လှည့်လာရင်း

"ဟေ့လူ... ပြောတာမကြားဘူးလား..."

ကူညီပေးပါ

အမ်..ဘယ်ကပြောနေတာလဲ

ငါပါ...ငါ့ကိုကူညီပေးပါ

ပါးစပ်မလှုပ်ဘဲပြောနေတာလား မိုက်ချက်

ငါတောင်းပန်ပါတယ်...  အသက်ရှိတုန်းက ငါ့မိသားစုအပေါ် မကောင်းခဲ့ဘူး...ငါ့သမီးတွေ အပေါ် မသွန်သင်နိုင်ခဲ့ဘူး...
ငါ့မိန်းမအပေါ်မှာလဲ ကြင်နာမှုတွေ ဂရုစိုက်မှုတွေမပေးနိုင်ခဲ့ဘူး...
ငါ ငါ သေသွားမှ နောင်တရမိတယ်....သူတို့လေးတွေကို ငါ သေချာချစ်မပြခဲ့ရဘူး....

"ဟုတ်ပါပြီ... ဒါပေမဲ့ ရှင်ကသေပြီးသားလေ...ဝင်ကူညီဖို့ကျ ကျွန်မက မိန်းကလေးရှင့်..."

ငါ မသိဘူး...ငါ သေပြီးနောက်မှာ ကောင်းကင်က မင်းနဲ့ငါအတွက် အခွင့်ရေးပေးခဲ့တယ်...မင်းငါ့ကို ကူညီရမယ်...အဲ့တာမှ မင်းလဲမူလဘဝကိုပြန်ရမယ်...ငါလဲ စိတ်ဖြောင့်ဖြောင့်နဲ့ ထွက်သွားနိုင်မယ်...

"ဒါကြီးက ကျွန်မအတွက်အခွင့်အရေး ဟူတ်လား...
ဒီမှာ နေရင်းထိုင်ရင်းဘာမှန်းမသိရောက်လာတာနော်...
ကျွန်မလို ငယ်ငယ်ချောချောလေးက အိုကြီးအိုမထဲ ဝင်ရမယ်ဆိုတာ တွေးတောင်မတွေးဖူးဘူး..."

အဲ့ဒါဆို မင်းတစ်သက်လုံး ကိုမာဝင်ချင်နေတာလား

"ဘာလို့ ကျွန်မက ကိုမာ ဝင်ရမှာလဲ... "

ခပ်မိုက်မိုက်ချစ်ကြစို့Where stories live. Discover now