Part 5
"လာ နှောင်းမူ အဲ့လေ ဦးမာန် ... ဟီး...
သူက ဒီ gym က Guide ကိုလင်းလက်ဟိန်းတဲ့...""ဟုတ်ကဲ့ .. ကျွန်တော့နံမည် မာန်ထက်သူပါ...
တွေ့ရတာ ဝမ်းသာပါတယ်...""Nice to meet you ပါခင်ဗျ.... ကျွန်တော့် ကို လိုအပ်တာရှိရင် ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ်..."
ရှေ့က အသက်၂၅နှစ်အရွယ် ချောမောတောင့်တင်းသောအကိုကြီးက်ုကြည့်ကာ (အမှန်တော့ သူ့သားအရွယ်) မာန်ထက်သူ ပြောရမှာ ရှက်သလို အားနာသလိုဖြစ်နေတာကြောင့် ထက်လွင် ကိုတံတောင်တွတ်ကာ မျက်စံပစ်ပြလိုက်တော့ အရိပ်ပြရင် seme ukeပင် ခွဲတတ်သော သူငယ်ချင်းမကပင် ..
"ဒီလို ကိုဟိန်းရဲ့.. သူ့ရဲ့ body ကိုနဲနဲ ချိန်းချင်တယ်...
သူရော ကျွန်မရောက ခုမှစကစားမှာဆိုတော့
ကိုဟိန်းကိုပဲ အားကိုးရမှာ ... ဟဲဟဲ""အာ ရပါတယ်ဗျ... ဒီလိုလုပ်ဗျာ ဒီနေ့ Time table ပေးလ်ုက်မယ် .. နက်ဖန်မှ စလုပ်ကြတာပေါ့... မထက် ကျွန်တော်နဲ့ လိုက်ယူပေးနော်... "
ထက်လွင်လဲ မာန်ထက်သူကို ခဏထားခဲ့ပြီး လ်ုက်သွားတော့သည်။အခန်းထဲရောက်တော့ စာရွက်တစ်ရွက်ကမ်းပေးကာ အနားကပ်ကာ
"မား.... သူလဲ ကျွန်တော့်လိုပဲလားဟင်..."
"ဟယ်... မဟုတ်တာ... သူက ဂေးတော့ဂေး...
Yaoi တော့မဟုတ်ဘူး...""ဟင် ... ဘယ်လိုလဲ သူက..."
"အဟီး.... နောက်မှ ရှင်းပြမယ် သားရေ...
သူက နဲနဲရှုပ်တယ်.... ဂရုစိုက်ပေးလိုက်အုံးနော်...""အာ... ရတာပေါ့ မားကလဲ....😂..."
###############################
မာန်ထက်သူ အိမ်ပြန်ရောက်တော့ ညနေ ၅နာရီ။
ပုံမှန်ထက် တိတ်ဆိတ်နေတာကြောင့် ရင်ထဲတစ်မျိုးဖြစ်သွားသည်။ အိမ်ထဲ လှမ်းဝင်လိုက်တော့ ဧည့်ခန်းမှာ သူဇာနွယ်က TV မှ သတင်းကို စိတ်ဝင်စားစွာ ကြည့်နေသည်။သူဝင်လာသည်ကို မြင်တော့ ခဏလှမ်းကြည့်ကာ
"လှသင်းရေ... ညည်းတို့အကိုကြီး ပြန်လာပြီ ..
ရေတစ်ခွက်ခပ်ခဲ့ပါ...."ထိုင်ရာမှ ကျော့ရှင်းစွာ ထရင်း သူမ (သူ့)ဆီ လှမ်းလာပုံမှာ မျက်လုံးမလွှဲနိုင်အောင် ကြည့်ကောင်းလွန်းလှသည်။ အသက်၃၀ကျော်သာ ဆိုတယ်။
နုရက် လှနိုင်လိုက်တာကွယ်။
YOU ARE READING
ခပ်မိုက်မိုက်ချစ်ကြစို့
Fantasy21 နှစ်အရွယ် lesbian နှောင်းမူလွင် ဟာ အချိန်ကာလကူးပြောင်းပြီး အိမ်ထောင်ရှင် အသက်40ကျော် ဝဝတုတ်တုတ်ယောက်ကျားတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ ကူးပြောင်းခံခဲ့ရပါတယ်။