ထိုအဖြစ်ပျက်ပြီးသည့်နောက် မူယာမိုး အိမ်ပြန်မလာတော့။ သူဇာကတော့ သူ့အဖွားအိမ်မှာ နေပလေ့စေလို့ ပြောသည်။ မာန်ထက်သူ ကတော့ ဒီလိုကိစ္စတွေရဲ့ တရားခံသည် အရင်တုန်းက သူသာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိသည်။ ကြည့်ရတာ ဘိုးတော်က သေခါနီးမှ အသိတရားရပြီး
အက်ကြောင်းတစ်ပုံတစ်ပင်နဲ့ အရှုပ်ထုပ်ကြီးကို သူ့အား ရှင်းခိုင်းခဲ့ခြင်းပင်။တစ်ခါတလေတော့လည်း သူနှင့်ဘာမှမဆိုင်သော ဤကိစ္စကြီးအား ပစ်ချပြီး ကိုယ်လွတ်ရုန်းရန် ကြံမိသေးသည်။ နှောင်းမူလွင်ပဲ ဖြစ်ဖြစ် မာန်ထက်သူပဲ ဖြစ်ဖြစ် သူသည် သူသာဖြစ်သည်။မျော်လင့်ချက် ၊အနာဂတ် ဆိုတာ နှစ်ဘဝလုံးအတွက် မလိုအပ်သော အရာများသာ။
ဒေါက် ဒေါက်
"ဝင်ခဲ့ပါ...."
ချပ် ဟူသော တံခါးဖွင့်သံနှင့်အတူ သူချစ်ရပါသသော အမျိုးသမီးလေး ဝင်လာပြီး
"မဒီ တို့တွေ ရောက်နေပြီ အကို... ဆင်းကြတော့မလား...."
"ရောက်ကြပြီလား... အဲ့ဒါဆိုလည်း ဆင်းကြတာပေါ့...."
သူ့လက်မောင်းကို အသာဖေးမတွဲယူလာသည့် နွေးထွေးကြင်နာတတ်သောထို အမျိုးသမီးကြီးကြောင့် ဒီလိုဘဝမျိုးကို မစွန့်လွတ်နိုင်တာများလား။
လှေကားပေါ်မှ အိမ်ရှေ့ကို လှမ်းကြည့်မိတော့
မေမဒီနှင့်အတူ မိန်းကလေးတစ်ယောက် ယောင်္ကျားလေးတစ်ယောက် ကျောပေးလျက်ထိုင်နေတာကို တွေ့ရသည်။ သူကိုယ်တိုင်လဲ နှောင်းမူလွင်ဘဝတုန်းက သူငယ်ချင်း အစုစပ်လုပ်ဖူးတာရယ် မာန်ထက်သူရဲ့ အတွေ့အကြုံရယ် ပေါင်းပြီး အကြံဉာဏ်ကောင်းများ ပေးနိုင်လောက်သည်။
ထိုကလေးသုံးယောက်ရှေ့က ဆက်တီခုံမှာ ထိုင်ရင်း တစ်ချက်အကဲခတ်လိုက်တော့ သူရင်ထဲ ထိတ်ခနဲဖြစ်သွားရသည်။ မေမဒီက သူ့အဖြစ်ကို
သတိမထားမိပဲ.." သူတို့က မဒီနဲ့ စပ်တူလုပ်မဲ့ မဒီ့သူငယ်ချင်းတွေပါ... သူက နန်းယင်းမာ သူကတော့ အလင်းစက် ... နင်တို့ကတော့ သိပြီးသားဖြစ်မှာပါ... ဦးမာန်ထက်သူတဲ့"
မေမဒီရဲ့ မိတ်ဆက်ပုံကြောင့် နန်းယင်းမာဆိုသည့် ကလေးမလေးက အားနာပြုံး ပြုံးကာ သွက်လက်စွာဖြင့်
YOU ARE READING
ခပ်မိုက်မိုက်ချစ်ကြစို့
Fantasy21 နှစ်အရွယ် lesbian နှောင်းမူလွင် ဟာ အချိန်ကာလကူးပြောင်းပြီး အိမ်ထောင်ရှင် အသက်40ကျော် ဝဝတုတ်တုတ်ယောက်ကျားတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ ကူးပြောင်းခံခဲ့ရပါတယ်။