Part 9

1K 81 13
                                    

"အားးး....ကျွတ်ကျွတ်ကျွတ်..."

အသိစိတ်တို့ ဝင်ရောက်လာတာနဲ့ ခေါင်းက ထောင်မရ မတရားထိုးကိုက်လာသည်။ ညက မူးသည့်အရှိန် ခုထိ မပြေသေး။

"သူဇာရေ... အကို့ကို သံပုရာရည်တစ်ခွက်လောက် ဖျော်ပေးပါလားကွယ်..."

ကျွီ ဟူသော တံခါးဖွင့်သံနှင့်အတူ တစ်ခဏအကြာ မွေ့ယာစွန်းတစ်နေရာက အိခနဲ ဖြစ်သွားသည်။

"ကိုကြီး.... "

ခေါင်းမူးနေသဖြင့် မဖွင့်နိုင်သော မျက်လုံးများက ပြူးကျယ်သွားသည်။ အသံကြားရာ ဘက်ကို လှည့်ကြည့်မိတော့ အပေါ်ပိုင်း အဝတ်ဗလာနှင့်အတူ ခါးကို တဘက်ပတ်ထားပြီး အိပ်ယာပေါ်မှ သူ့ကို ငုံ့မိုးကြည့်နေသော အလင်းစက် ။

"ဟင် ... ကောင်လေး ... ဘာလို့ ဒီမှာ ရှိနေတာလဲ..."

သူ ဇဝေဇဝါဖြင့် မေးတော့ သူ့ကို ကြည့်ကာ ခပ်သောသောရီနေသည်။

"ဒါ ကျွန်တော့ အခန်းလေ ... ကိုကြီးရဲ့..."

သူပြောမှပဲ ပတ်ဝန်းကျင်ကို သေချာကြည့်မိတော့သည်။ ဟုတ်သားပဲ။ ညက အိမ်မပြန်နိုင်တော့တာ ထင်သည်။ သူလဲ အရမ်းသောက်မိသည်ထင်သည်။

အလင်းက သူဖြစ်ပျက်ပုံကို ပြုံး၍ ကြည့်ကာ
သူ့နံဘေးတွင် အသာဝင်လှဲပြီး သူ့ရင်ခွင်ထဲ ခေါင်းတိုးဝင်လာသည်။  ထို့နောက် ရှက်သွေးဖြာသာ လေသံနိမ့်နိမ့်လေးဖြင့်

" ကိုကြီးက မူးနေချိန်မှာတောင် အရမ်းခန့်တာပဲဗျာ...."

Wtf... ဘာတွေလဲ..ဘာတွေဖြစ်နေတာလဲ .. သူဘာမှ လိုက်မမှီနိုင်တော့ချေ။ အလင်းစက်၏ လက်တစ်ဖက်က သူ့ခါးကို လာရောက်မထိတွေ့ခင်အထိ သူ့ကိုယ်ပေါ်မှာ အဝတ်အစားမရှိမှန်း လုံးဝ သတိမထားမိ။

သူ့ရင်ဘတ်နှင့် ခါးကို ထိတွေ့ဆော့မြူနေသော ထိုကောင်လေးအား ကြောက်လန့်စွာ တွန်းထုတ်လိုက်တော့ ဝုန်းခနဲ ကုတင်အောက်ကို ပြုတ်ကျသွားသည်။

"ဘာတွေလဲ.... ဘာတွေ ဖြစ်ကုန်တာလဲ အလင်းစက်..."

ကုတင်အောက်မှ ကုန်းထကာ ဘာမှမဖြစ်သလို သူ့ကို ပြုံးပြနေသော ထိုကောင်လေးကို ကြည့်ကာ သူကြောက်လန့်လာမိသည်။

ခပ်မိုက်မိုက်ချစ်ကြစို့Where stories live. Discover now