Chapter_13

1.4K 150 2
                                    

"မောင်မင်းကိုသိပ်ချစ်တယ်။"

မရည်ရွယ်ပါပဲနှုတ်မှအလိုအလျောက်ထွက်ကျလာသော စကားစုတစ်ခု။ ကျွန်တော်ကိုယ်တိုင်ပြောပြီး အံ့သြနေရသူမှာလည်း ကျွန်တော်ကိုယ်တိုင်ပင်။ ကိုကိုကတော့ကျွန်တော့်အား ရီဝေစွာငေးစိုက်ကြည့်နေရုံမှတစ်ပါး အခြားမဖြစ်။

"ဟို...ကိုကို သားပြောချင်တာကလေ"

"မောင်"

ဩရှရှ‌ေခါ်သံ‌ေလး‌ေကြာင့် အသက်ရှူတွေတောင်မှားကုန်သည်။ ထို့အတူ ကိုကို့ထံမှချိုသာသောအပြုံးတစ်ခုအားထပ်မံလက်ခံရရှိတော့ ကျွန်တော်အသည်းမယားပဲနေနိုင်ရိုးလား။ သို့ကြောင့် ပန်း‌သွေးရောင်ပါးပြင်နုနုအား ခပ်ကြမ်းကြမ်းမွှေးကြူလိုက်ခြင်းဖြင့် အသဲယားခြင်းကိုဖြေလျှော့ရသည်။ 'မောင်'ဆိုသည့်နာမ်စားလေးဟာ ဘာမှန်းမသိသည့်တစ်စုံတရာကို လွမ်းမောစေမိ‌တာတော့အမှန်။

"ကိုကိုလည်းမောင့်ကို သိပ်ချစ်တယ်။"

နှုတ်ခမ်းနှစ်ခုအား ထပ်တူကျစေသည်။ ရမ္မက်မပါ။ အရိုင်းဆန်ခြင်းမရှိ။ ခပ်ဖွဖွသာ နှုတ်ခမ်းလွှာတို့အားစုပ်ယူကာ အနမ်းတို့၏ချိုမြိန်မှုကို အပြည့်အဝခံစားသည်။ အချိန်အတော်ကြာသည်အထိနမ်းရှိုက်ပြီးမှ နှုတ်ခမ်းနွေးနွေးအားလွတ်လပ်ခွင့်ပေးခဲ့၏။

"Goodnight ကိုကို၊ အိမ်မက်လှလှမက်ပါစေ။"

ဆိုဖာပေါ်မှကိုကို့အား‌ေပွ့ချီလိုက်ပြီး  ကုတင်ထက်လဲလျောင်းစေကာ စောင်ကိုမျက်နှာလေးသာပေါ်ရုံဆွဲခြုံပေးလိုက်သည်။ ပြီးတာနှင့် နဖူးပြင်ထက်ခပ်ဖွဖွအနမ်းခြွေသည်။ ပြောရရင်တော့ goodnight kissပေါ့လေ။

"မောင် ...ဒီမှာမအိပ်ပဲ ဘယ်သွားမလို့လဲ။"

မအိပ်ပဲကုတင်ပေါ်မှဆင်းလာကာ နောက်ကျောဘက်မှဖက်တွယ်လာသည့်ကိုကို့‌ေကြာင့် အခန်းတံခါးဝနားရောက်နေသည့် ကျွန်တော့်ခြေလှမ်းတွေရပ်တန့်သွားရသည်။ အမှန်တော့ ကျွန်တော်ရေဆာ၍ရေဆင်းသောက်မလို့ပင်။ သို့ပေမယ့် နောက်ကျောဘက်မှကိုကို့ကိုစချင်လာတာကြောင့်...

"ကိုကိုအဆင်မပြေမှာစိုးလို့၊ မောင်ဧည့်ခန်းထဲပဲသွားအိပ်လိုက်မယ်လေနော်။"

Second Person (season_2) ✨We Meet Again✨[Completed]Where stories live. Discover now