Chapter_4 (uni+zawgyi)​

1.8K 233 22
                                    

Unicode🌻

"အဒေါ်...ဘာလုပ်နေလဲ။"

ကလေးငယ်ကိုဆိုင်မှာ ခဏထားခဲ့ကာ ဆိုင်၏နှစ်ဆိုင်ကေျာ်တွင် နေ့လည်စာလာမှာခြင်းဖြစ်သည်။ နောက်ပြီး​ အလုပ်သမားရှာခိုင်းရန်လည်း ဖြစ်၏။

"အထဲလာလေကွယ်။ အဒေါ်​ဒီမှာ​ ခေါက်ဆွဲကြော်နေတယ်။"​

"ဟုတ်ကဲ့"​

ဆိုင်အရေှ ့ဘက်မှာ​ စားသံုးသူတေွနှင့် စားပွဲထိုးအကူကောင်လေး နှစ်ယောက်ရှိသည်။ အဒေါ်ကြီးကတော့​ ဒိုင်ခံချက်ပြုတ်နေသူပေါ့။ ဆိုင်ရဲ့အတွင်းဘက်သို့ဝင်သွားလိုက်တော့ ခေျွးတဒီးဒီးကျကာ ချက်ပြုတ်ကေျာ်လေှာ်နေသော အဒေါ်ကြီးကိုတေွ ့ရသည်။

"​ကူပေးရဦးမလား အဒေါ်"​

"​အေး​ လုပ်ပါဦးTae Hyung​ရယ်... အဒေါ့်ကို ကြက်သွန်နီလေးငါးလံုးလောက် ခပ်ပါးပါးလေးလှီးပေးပါဦး။"​

"ရစေရမယ်ဗျာ..."

အင်္ကျီလက်ကိုခေါက်တင်လိုက်ကာ ခြင်းထဲမှကြက်သွန်နီအချို့ကိုယူလိုက်သည်။ ပြီးတာနှင့် အခွံကိုခပ်မြန်မြန်ခွာပြီး စဥ်းတံုးပေါ်တင်ကာ နှစ်ခြမ်းခြမ်းပြီး ခပ်ပါးပါးလှီးသည်။

"​ရပြီ​ အဒေါ်.... ဘာလုပ်ပေးရဦးမလဲ။"

"​ရပါပြီကွယ်။ ဒါနဲ့​ စားစရာလာမှာတာလား။ ကလေးကရော"

"​ကလေးကဆိုင်မှာ အဒေါ်... နေ့လည်စာ​ လာမှာရင်းနှင့် ပြောစရာလည်းရှိလို့။"​

"ဒါဆို​ ခဏနော်။ ဒီတစ်ပွဲပြီးရင် ပြီးပြီ။"​

"ဟုတ်ကဲ့"​

အဒေါ်ကြီးကြော်လှော်နေသည်ကို ဘေးကနေရပ်ကြည့်ရင်း မှတ်သားနေလိုက်သည်။ ကလေးငယ်အား ဒီနေ့တော့ ညစာကောင်းကောင်းလေးချက်ကျွေးရမည်လေ။

ကလင်! ကလင်! ကလင်!

ဘောင်းဘီအိပ်ကပ်ထဲမှ ဖုန်းမြည်လာသောကြောင့် အဒေါ်ကြီးအားခဏဟုဆိုကာ ဆိုင်အပြင်ဘက်သို့ ထွက်လာလိုက်သည်။

"Hello..."

ဆက်လာသည့်ဖုန်းနံပါတ်အား တစ်ခါမှမမြင်ဘူးတာကြောင့် ဘာစကားမှရှည်ရှည်ဝေးဝေးမပြောဖြစ်ပါ။ 'Hello' တစ်လံုးတည်းနှင့်သာ ပြီး၏။

Second Person (season_2) ✨We Meet Again✨[Completed]Where stories live. Discover now