Unicode🌻
ဧည့်ခန်းထဲတွင် ရုပ်ရှင်ကြည့်နေကြသော လူသား(၃)ယောက်။
ရုတ်တရက်ဆိုသလို ထို(၃)ယောက်ထဲမှ ကောင်ငယ်လေးတစ်ယောက်သည် မေးခွန်းတစ်ခုကို ထမေးလေသည်။
"ကိုကို... ဒီဇာတ်လမ်းမှာ ဘယ်သူကစပြီးမှားယွင်းခဲ့တာလဲ ဟင်"
ကောင်ငယ်လေးရဲ့အမေးကို ကောင်လေးဟာဖြေရခက်နေပံုပင်။ Somဆိုတဲ့ကောင်မလေးဟာလည်း ကောင်လေးထံမှအဖြေကို သိပ်သိချင်နေပံုရသည်။ ရုပ်ရှင်ကား၏ ပြီးပါပြီဆိုတဲ့စာတန်းထိုးကိုလှည့်မကြည့်တော့ပဲ ကောင်လေး၏မျက်နှာကိုသာ စိုက်ကြည့်နေ၏။
ဇာတ်လမ်းလေးဟာ အနည်းငယ်ရှုပ်သည်။ ကောင်လေးဟာကောင်မလေးနှင့် ချစ်နေပါလျက်၊ လက်ထပ်ဖိို့ရည်ရွယ်ထားပါလျက်နဲ့ နောက်ကောင်လေးတစ်ယောက်ကို ထပ်ချစ်ခဲ့သည်။ ကောင်မလေးဟာကောင်လေးကိုသိပ်ချစ်ခဲ့သည်။ သို့ပေမယ့် ကောင်လေးဟာ ကောင်မလေးကိုမရေွးချယ်ခဲ့ဘူး။ သူရေွးချယ်ခဲ့တာ ကောင်လေးကိုပင်။ ကောင်ငယ်လေးကိုတော့ သူသိပ်ချစ်ခဲ့သည်။ သို့ပေမယ့် ဇာတ်သိမ်းဟာ မလှခဲ့ဘူး။ ကောင်မလေးရဲ့ လုပ်ကြံမှုကြောင့် ကောင်ငယ်လေးဟာ သေဆံုးခဲ့ရသည်။ ထိုနည်းတူ ကောင်လေးဟာလည်း သိပ်မကြာခင်မှာသူ့ကိုယ်သူအဆံုးစီရင်ခဲ့သည်။
သေကွဲတဲ့လေ။
တေွးမိတာလေးနဲ့တောင် ရင်ထဲအောင့်သက်သက်နဲ့ အသက်ရှူရကြပ်လာ၏။ ခေါင်းထဲမှာ အတေွးတေွရှုပ်ပွပြည့်ကျပ်နေသည်။ ကျွန်တော်ဒီကားကို မကြည့်ခဲ့သင့်ဘူး။ မကြာခင်မှာပဲ ဘယ်ဘက်ရင်အံုရှိနှလံုးသားတစ်စံုမှတင်းကြပ်နာကျင်မှုနှင့်အတူ မျက်ဝန်းအစံုဟာ သူ့အလိုလိုမှိတ်ကျသွားခဲ့သည်။ သခင့်၏ အလိုမတူပါပဲလေ။
.........................
ဘေးပတ်ဝန်းကျင်တစ်ခုလံုး အဖြူရောင်နံရံတေွကြီးသာ။ ။
ကျွန်တော့်နားတောက်တဲ့တစ်ကောင်လို ကပ်တွယ်နေတတ်တဲ့ ကလေးငယ်ဟာလည်း ဘယ်ပေျာက်လို့ဘယ်ရောက်သွားမှန်းမသိ။
အမြဲကျွန်တော့်ကိုမခံချင်အောင်စနောက်တတ်တဲ့ Somဟာလည်း ဘေးနားရှိမနေ။
![](https://img.wattpad.com/cover/240772343-288-k110702.jpg)
YOU ARE READING
Second Person (season_2) ✨We Meet Again✨[Completed]
FanficKim Tae Hyung X Jeon Jung Kook Start date _ 13.9.2020 End date_7.8.2021