Chapter_10 (uni+zawgyi)

1.8K 168 8
                                    

Unicode🌻

"ထွက်သွား! "​

တံခါးပေါက်ရှိရာလက်ညှိုးညွှန်ကာ​ ပြောလိုက်တော့ ကလေးငယ်ဟာ လဲကျနေရာမှအမြန်ထကာ တောင်းပန်စကားကိုဆို၏။

"သား... သားတောင်းပန်ပါတယ်ကိိုကို... သား​ တောင်းပန်ပါတယ်။"​

"ထွက်သွား... ကေျးဇူးပြုပြီး ထွက်သွားစမ်းပါ။"​

"သားကိုပြောကိုကို... ဘာဖြစ်နေတာလဲ။ သားဘာလုပ်မိလို့လဲဟင်"​

မျက်ဝန်းတေွထဲအရည်ကြည့်အချို့ကိုတေွ​ ့ရသည်။ ကလေးငယ်ဟာ​ ရေှ ့ကိုတစ်လှမ်းချင်းတိုးလာ၏။  သူတစ်လှမ်းတိုးလာတိုင်း ကျွန်တော့်အတေွးတေွဟာ ပိုလို့ပင်ရှုပ်ထေွးလာရသည်။

"​မလာနဲ့! မင်းမသွားရင်ငါသွားမယ်။"

လက်ခံုထက်မှဆေးပိုက်ကိုဖြုတ်လို့ မတ်တပ်ထရပ်လိုက်သည်။ ခေါင်းကြီးတစ်ခုလံုးပေါက်ထွက်တော့မလိုပဲ။

"နေ... နေပါ။ ကိုကိုမနေစေချင်ရင် ကျွန်တော်... ကျွန်တော်ပဲသွားပါ့မယ်။"​

တစ်လှမ်းခြင်းနောက်ဆုတ်ကာ အခန်းပြင်သို့ထွက်သွားသည်။ ပံုရိပ်ငယ်လေးတောင် ကျွန်တော့်နားမှာမချန်ထားခဲ့ပဲနဲ့​ ကလေးငယ်ဟာ​ ထွက်သွားခဲ့၏။

"အစ်ကိုလေး... Kookieက ဘယ်သွားတာလဲ။"​

Somဟာ ဗန်းတစ်ဗန်းကိုသယ်လာပြီး အခန်းထဲဝင်လာ၏။ မေးခွန်းတစ်ခုနှင့် အတူပေါ့။

"​မသိဘူး။ နင်ဘာလာလုပ်တာလဲ။ ငါဘယ်သူနဲ့မှ စကားမပြောချင်သေးဘူး။"​

"အစ်ကိုလေးရယ်... စိတ်ကိုထိန်းစမ်းပါ။ ဘာတေွဖြစ်ကြတာလဲဆိုတာ​ ရှင်းပြပါဦး။"​

စားပွဲပေါ်​သို့ပါလာသည့်ဗန်းလေးကိုတင်ရင်း ပေါက်ပေါက်ဖောက်ပြန်၏။

"ငါစိတ်တေွရှုပ်နေတယ်Som... ကေျးဇူးပြုပြီး သွားစမ်းပါ။"​

"မသွားဘူးအစ်ကိုလေး... အကြောင်းစံုကိုသိရမှ​ သွားမယ်။"​

"နင်မသွားရင်​ ငါသွားမယ်။"

"​အစ်ကိုလေးသွားတဲ့နောက် Somလည်းလိုက်မှာ... မဖြေမချင်းကို လိုက်နေမှာ... သွားလေ"​

Second Person (season_2) ✨We Meet Again✨[Completed]Where stories live. Discover now