Chapter_12

1.6K 146 16
                                    

ဝုန်း!

ပင်လယ်ရေလှိုင်းနှင့်ကေျာက်ဆောင်တို့ရိုက်ခတ်သံမှာ  ကျယ်လောင်လွန်းလှသည်။

ကမ်းခြေရှိထိုင်ခံုတန်းလေးတွင်ထိုင်ကာ ပင်လယ်ပြင်ကြီးအား အကြောင်းပြချက်မရှိပါပဲ ငေးနေမိခဲ့သည်မှာ ဆိုင်သိမ်းပြီးချိန်ညနေခြောက်နာရီလောက်ကတည်းကပင်။ ယခုဆို​ ရှစ်နာရီတောင်ခွဲရောပေါ့။ အခုချိန်ထိ အိမ်ကလည်းတစ်ယောက်မှ ဖုန်းဆက်မလာခဲ့သေးသလို ကျွန်တော်လည်း ဒီနေရာမှ မပြန်ချင်သေး။ ကလေးငယ်နှင့်ကတောက်ကဆဖြစ်ပြီး နောက်ပိုင်းမှာ ဒီနေရာတွင်ညတိုင်း လာထိုင်ဖြစ်သည်။ တကယ်တော့​ ကျွန်တော်အဖြေတစ်ခုကိုရှာနေခဲ့ခြင်းပင်။ ကလေးငယ်အပေါ်ထားရှိသည့် ကျွန်တော့်ရဲ့အချစ်တေွအား ဖွင့်ပြောပြသင့်၊ မပြသင့် စဥ်းစားနေခြင်းဖြစ်သည်။ ဒီကိစ္စနှင့် ပတ်သတ်ပြီးတော့ ကျွန်တော်နှင့်ကလေးငယ်တို့ရဲ့ဆက်ဆံရေးမှာ​ အတော်လေးပြောင်းလဲသွားခဲ့သည်။ ကလေးငယ်ဟာ ကျွန်တော့်အပေါ်တစ်နေ့တခြားပိုပိုပြီး သူစိမ်းဆန်လာခဲ့သည်။ ထိုအရာတေွကို ကျွန်တော်မလိုချင်ပါ။ သို့ကြောင့် ခေါင်းပူခံပြီး စဥ်းစားနေရခြင်းပင်။

"အိမ်ပြန်ကြရအောင်။"​

ပုခံုးထက်မှနွေးထေွးမှုနဲ့အတူ နောက်ကေျာဘက်မှထွက်လာသော အသံချိုချိုကြောင့် အံ့သြစွာမော့ငေးမိသည်။ အဘယ့်ကြောင့်ဆိုသော် ကလေးငယ်ဟာ ကျွန်တော်ညတိုင်းဒီနေရာမှာ ထိုင်နေတတ်တာသိသော်လည်း Somကိုသာလွှတ်ပြီး အိမ်ပြန်လာဖို့ခေါ်ခိုင်းတတ်တာကြောင့်ပင်။ သူကိုယ်တိုင် ဒီလိုမျိုး တစ်ခါမှ မလာခဲ့ဖူးပေ။

"ထိုင်ဦးလေ။"​

"အေးနေပြီမလား၊ ထတော့ ပြန်မယ်။"​

မျက်မေှာင်ကြုံ့ကာ ဘေးနားမှာမတ်တပ်လာရပ်တဲ့ ယုန်ပေါက်၏ခါးကို ထိုင်နေရာမှမထပဲ ဖက်တွယ်လိုက်သည်။ ပြီးနောက်​ ကျွန်တော့်ကိုအံ့သြစွာငုံ့ကြည့်နေသည့် ကလေးငယ်၏ မျက်ဝန်းတို့အားတည့်တည့်ဆိုက်ကြည့်ကာ စကားတစ်ခွန်းကိုဆိုမိသည်။

"ချစ်တယ်။"​

"​ဟင်"

မျက်ဝန်းတို့ဝိုင်းစက်ကာ ပါးစပ်ကလေးပါဟသွားသည်ကိုကြည့်ခြင်းဖြင့် အတော်လေးအံ့သြသွားပံုပင်။ အစကတေွဝေခဲ့ပေမယ့် အခုတော့​ထိုသို့မဟုတ်တော့။ ကျွန်တော်​့ဆံုးဖြတ်ချက်တေွဟာ​ ကလေးငယ်၏မျက်နှာလေးကိုမြင်တာနှင့်​ အလိုလိုချပြီးသားဖြစ်သွားခဲ့သည်။

Second Person (season_2) ✨We Meet Again✨[Completed]Where stories live. Discover now