Unicode🌻
ကေျးငှက်ကလေးတေွ၏ တေးဆိုသံတို့မှာ အရင်နေ့တေွက ငြီးငေွ ့စရာကောင်းသလောက် ဒီနေ့မှာတော့သိပ်ကို သာယာနာပေျာ်ဖွယ်ကောင်း၏။
သာမာန်မနက်ခင်းတေွနှင့်မတူပဲ နားထဲကြားရသမျှအသံတေွ၊ မျက်လံုးထဲမြင်ရသမျှ အရာတေွအကုန်လံုးဟာ လှပ၊ သာယာလွန်းသည်။
ပြွတ်စ်...
အိပ်မောကျနေသည့်ကလေးငယ်လေး၏ နဖူးလေးအား အနမ်းခြေွရင်းနေ့သစ်တစ်နေ့ကို စတင်ဖို့ရာအားယူရသည်။
"အား...ပန်းတေွခူးရဦးမှာပဲ။"
ဒီနေ့က Monday ဆိုတော့ နှင်းဆီပန်းအပွင့်1500 orderမှာထားတာ ရှိသည်။ မင်္ဂလာဆောင်မှာ သံုးမည်လို့တော့ လာမှာတုန်းကပြောသွားသည်။ ဘာမှာပဲသံုးသံုးပါ။ ဝယ်သူလိုချင်ရင်ရောင်းပေးရမှာ စေျးသည်တေွရဲ့တာဝန်ပဲလေ။
ကျွန်တော်ကပန်းရောင်းသည်ဆိုပေမယ့် နှင်းဆီပန်းအနီတစ်မျိုးကိုသာ ရောင်းခြင်းဖြစ်သည်။ တခြားဘာပန်းမှ မရောင်းပါ။ အိမ်ရဲ့အနောက်မှာ ခြံဝန်းအကျယ်ကြီးရှိသည်။ နှင်းဆီပင်များကိုထိုခြံထဲမှာပဲ စနစ်တကျစိုက်ပျိုးထား၏။
ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ်၊ သွားတိုက်ပြီးတာနှင့် ခြံထဲဆင်းဖို့ပြင်ရသည်။
"လူတစ်ယောက်လောက်တော့ ငှားဦးမှပါလေ။"
ကလေးငယ်လည်းရှိနေပြီဆိုတော့ ခြံထဲမှအပင်တေွကို ဂရုစိုက်ဖို့အချိန်သိပ်ပေးနိုင်တော့မည် မထင်ပါ။ သို့ကြောင့် လူငှားမှဖြစ်မည်ပင်။
အင်္ကျီလက်ရှည်၊ ဘောင်းဘီလက်ရှည်ဝတ်ကာ ဥယျာဥ်တေွမှာသံုးသည့် တွန်းလှည်းလေးကိုတွန်းကာ ခြံထဲသို့ဆင်းလာခဲ့သည်။
"ကဲ ကလေးလေးမနိုးခင် အလုပ်ပြီးအောင်မြန်မြန်လုပ်လိုက်ရအောင်။"
အပင်ဖြတ်သည့်ကတ်ကြေးလေးကိုကိုင်ရင်း လှပမေွှးပျံ့စွာဖူးပွင့်နေကြသည့် နှင်းဆီနီတေွ၏ရိုးတံကို အနေတော်အနေအထားလောက်ကနေ ဖြတ်တောက်လိုက်သည်။ ကျန်နေသည့် အပင်ပေါင်းများစွာကိုလည်း ထိုကဲ့သို့ပင်။
![](https://img.wattpad.com/cover/240772343-288-k110702.jpg)
YOU ARE READING
Second Person (season_2) ✨We Meet Again✨[Completed]
FanfictionKim Tae Hyung X Jeon Jung Kook Start date _ 13.9.2020 End date_7.8.2021