Unicode🌻
အချိန်တေွဟာ တစ်ပတ်လည်ခဲ့ပြီ။
နွေ၊မိုး၊ဆောင်းဆိုသည့် ဥတုသံုမျိုးကိုလည်း မရေမတွက်နိုင်အောင် ကေျာ်လွန်ခဲ့ပြီးဖြစ်သည်။
ကျိန်စာတေွဟာ အမှန်တကယ်ပဲပြေပျက်ခဲ့ရဲ့လားဆိုတာတော့ မည်သူမှမသိနိုင်ပါ။
အရင်ဘဝကမပြီးပြတ်ခဲ့သည့် ဇာတ်လမ်းကိုပြန်ဆက်ဖို့ရာ ကောင်ငယ်လေးနှစ်ယောက်ကရော ကမ္ဘာကြီး၏တစ်ထောင့်တစ်နေရာမှာ ပြန်လည်ဆံုတေွ ့နေကြပြီလား။
..…............
ဂျယ်ဂျူကျွန်း။
ပင်လယ်ကမ်းခြေတစ်လေျာက်မှာ တေွ ့သမျှလူတိုင်းကို ငိုယိုပြီးအကူအညီတောင်းနေသည့် ကလေးငယ်တစ်ယောက်။
ထိုကလေးငယ်ဟာ မည်သူနည်း။ ဘာအတွက် အကူအညီတောင်းနေသနည်း။
"ကယ်ပါ။ ဖေဖေနဲ့မေမေ့ကို ကယ်ပေးပါ။"
လူတစ်ယောက်ချင်းစီရဲ့လက်ကို သူ့လက်သေးသေးလေးေတွနှင့် ကိုင်ဆွဲကာ အကူအညီတောင်းနေသည်။ သို့သော် မည်သူမှ ဂရုမစိုက်ကြ။
"ဖယ်စမ်း... ဒီအရူးလေးကတော့"
"ဖယ်စမ်းပါကွာ..."
"ကဲကွာ သွားစမ်း..."
ပုခံုးကနေစောင့်တွန်းခြင်းခံလိုက်ရတာကြောင့် ကလေးငယ်ဟာ အနောက်သို့လန်ကျသွားသည်။ သို့သော် မြေကြီးပေါ်ကိုတော့မကျပါ။ ကောင်ငယ်လေးတစ်ယောက်၏ ရင်ခွင်ထဲသို့ကျသွားခြင်းဖြစ်၏။
"ခင်ဗျားတို့လူစိတ်မရှိကြဘူးလား။ ကလေးတစ်ယောက်ကို ဘယ်လိုတောင် ဆက်ဆံလိုက်တာလဲဗျ"
ကောင်ငယ်လေးဟာ ပြောပြောဆိုဆိုဖြင့် 10နှစ်အရွယ်ကလေးငယ်လေးအား ပွေ ့ချီလျက်မတ်တပ်ရပ်သည်။
"ကိုကို့ကိုပြော ကလေးလေး... ဘာဖြစ်လို့ ငိုနေတာလဲဟင်"
"ဖေဖေနဲ့... ဟင့်... ဖေဖေနဲ့မေမေ... ရန်ဖြစ်ပြီးရေထဲဆင်းသွားကြတယ်။ အခုထိ ပြန်မတတ်လာသေးဘူး... အီးဟီး... ကယ်ပေးပါဦး။"
"မငိုနဲ့တော့... ကိုကိုကယ်ပေးမယ်။ ဟုတ်ပြီလား။"
ကလေးငယ်လေးဟာ ခေါင်းလေးငြိမ့်လို့ပြုံးပြရှာသည်။ ပါးပြင်ထက်စီးဆင်းနေသည့် မျက်ရည်များကိုကောင်ငယ်လေးဟာ လက်ဖဝါးဖြင့်သုတ်ဖယ်ပေးသည်။

YOU ARE READING
Second Person (season_2) ✨We Meet Again✨[Completed]
FanfictionKim Tae Hyung X Jeon Jung Kook Start date _ 13.9.2020 End date_7.8.2021