Chapter_16

1.2K 117 64
                                    

သုံးနှစ်ခန့်ကြာသောအခါ။

ရာသီ‌ေတွအလီလီပြောင်းလို့ တန်ဖိုးရှိတဲ့အချိန်တွေလည်းအ‌ေတာ်များများကုန်လွန်ခဲ့လေပြီ။ အရင်ကလူသူအ‌‌ေရာက်အ‌ေပါက်နည်းကာရိုးရှင်းလှပလွန်းလှသောဂျယ်ဂျူကျွန်းကလေးမှာ ယခုဆိုလျှင် လာရောက်လည်ပတ်သူမအများအပြားနှင့်အရင်ကထက်စည်ကားသိုက်မြိုက်လာသလို အဆင့်မြင့်ဟိုတယ်ကြီးများလည်း ရှိနေပြီပင်။ ထို့အပြင် ကမ်းခြေတစ်နေရာတွင်မွေးစားခံခဲ့ရသော အသက်(၁၀)နှစ်အရွယ်ကလေးငယ်လေးဟာလည်း ယခုဆို အသက်(၁၈)နှစ်တောင်ပြည့်တော့မည်ဖြစ်သည်။ ပြောင်းလဲမကပြောင်းလဲသွားသည့်အရာတွေထဲ ကောင်ငယ်လေးနှစ်ယောက်ရဲ့ဆက်ဆံရေးရော ပါဝင်နေခဲ့ပြီလားဆိုတာ ကာယကံရှင်တွေမှလွဲ၍ မည်သူမှမသိနိုင်ပေ။

"Som ငါဆိုင်သွားတော့မယ်၊ ပျင်းရင်လိုက်လာခဲ့နော်။"

"ဟုတ်ကဲ့ အစ်ကိုလေး"

မီးဖိုချောင်တွင်အလုပ်ရှုပ်နေသောSomအားမှာစရာရှိတာမှာပြီး ဖိနပ်ကြိုးလေးကိုသေချာချည်ဖြစ်၏။ ခြေထောက်လှုပ်လိုက်တိုင်း တချွင်ချွင်မြည်တတ်သောခြူလုံးကလေးတွေဟာ မောင့်ကိုသတိရစေသည်။ မောင်ကျွန်တော်တို့နဲ့အတူမနေတော့တာ တစ်နှစ်ကျော်ခဲ့ပြီပင်။ ဆိုးလ်တက္ကသိုလ်မှာစီးပွားရေးမေဂျာယူထားတဲ့ ကျွန်တော့်ချစ်ရသူဟာ အရင်လတွေကဆိုတစ်လတစ်ကြိမ်အိမ်ပြန်လာတတ်ပေမယ့် အခုနောက်ပိုင်းမှာထိုသို့မဟုတ်တော့။ မောင်အိမ်ကိုပြန်မလာတာ သုံးလ‌ကြီးများ‌ေတာင်ရှိပြီပင်။ ဖုန်းအဆက်အသွယ်ရှိ၍သာတော်သေးသည်ဟု ပြောရမည်။ ဖုန်းတော့နေ့တိုင်းပြောဖြစ်ပေမယ့် ဘာလို့အိမ်ပြန်မလာလည်းမေးတိုင်း မောင်ဟာ စာတွေလုပ်နေရလို့ဟုသာပြန်ဖြေတတ်၏။ ခြေလှမ်းတွေပျက်နေသည့်မောင့်အား သံသယစိတ်တွေမဝင်‌မိအောင် ကိုယ့်စိတ်ကိုဖြေရသည်။ မောင်တကယ်မအားလို့နေမှာပါလေ။

စိတ်တွေကိုလျှော့ချကာ ကားစက်နှိုးလိုက်ပြီး ကျွန်တော့်ကိုယ်ပိုင်ပန်းဆိုင်လေးသို့ တရွေ့ရွေ့မောင်းနှင်လာခဲ့သည်။ ဒီနှစ်ထဲမှာ ဆိုင်ခန်းအချို့ကိုတိုးချဲ့ပြုပြင်နေတာကြောင့် ကျွန်တော့်ဘေးမှဆိုင်ခန်းသုံးလေးခန်းသာ ဖွင့်ထား၏။ ဘေးပတ်ဝန်းကျင်မှအရာအားလုံးကခေတ်မှီနေပြီဆိုတော့ ကျွန်တော့်ဆိုင်ခန်းလေးတွေကိုလည်း အများနဲ့အတူရင်ဘောင်တန်းစေချင်သည်လေ။

Second Person (season_2) ✨We Meet Again✨[Completed]Where stories live. Discover now